မြန်မာ-စင်ကာပူ ပူးပေါင်း၍ သစ်ခွ မျိုးစိတ်များ သုတေသန ပြုမည်

alt

မြန်မာ နိုင်ငံနှင့် စင်္ကာပူ နိုင်ငံတို့မှ ပညာရှင်များ ပူးပေါင်းကာ သစ်ခွ မျိုးစိတ်များ ရှာဖွေ သုတေသနပြုမှုကို ဆောင်ရွက် သွားမည်ဟု သိရှိရသည်။

ယခု သတင်းအား မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ ဟူးကောင်း ချိုင့်ဝှမ်းအတွင်း အလေ့ကျ ပေါက်ရောက်နေသည့် သစ်ခွများကို ရှာဖွေ ဖော်ထုတ် သွားမည်ဟု သစ်တော ဘက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို ခရီးစဉ်အား နောက်နှစ်၊ ဧပြီလတွင် စတင်မည် ဖြစ်ပြီး စင်္ကာပူ ပညာရှင် များ၏ မြန်မာနိုင်ငံ ဆိုင်ရာ သစ်ခွ လေ့လာရေး တတိယမြောက် ခရီးစဉ်လည်း ဖြစ်လာခဲ့ ပေသည်။

ယခင်က စင်္ကာပူ ပညာရှင် အဖွဲ့သည် (၂၀၀၇) ခုနှစ်တွင် နောင်မွန်းနှင့် ယခုနှစ် မတ်လ အတွင်းက ဖုန်ကန်ရာဇီ တောင်ခြေသို့ ရောက်ရှိလာကာ ရှားပါးသစ်ခွများကို လေ့လာ သုတေသန ပြုခဲ့ကြသေးသည်။ ထို့အပြင် မြန်မာ့သစ်ခွ ပညာရှင်များသည် ဩစတြီးယား နိုင်ငံမှ သုတေသီများနှင့် ပူးပေါင်းကာ ဖုန်ကန်ရာဇီ တောင်၏ အမြင့်ပေ (၈၀၀၀)ကျော် အထိ တက်ရောက်ကာ သစ်ခွ မျိုးစိတ်များ ရှာဖွေရန် ပြင်ဆင် နေကြောင်းလည်း သိရှိရသည်။

စစ်တမ်းများ အရ မြန်မာနို်င်ငံတွင် သစ်ခွမျိုးစိတ် (၈၀၀)ကျော် ရှိပြီး အများစုကို မန္တလေးတိုင်းရှိ ပြင်ဦးလွင် အမျိုးသား ဥယျာဉ်တွင် စနစ်တကျ စိုက်ပျိုးထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here