ကျော်ကြား သူတွေနဲ့သာ ချစ်သူ ဖြစ်လိုတဲ့ ဂျင်နီဖာ

alt

ဂျင်နီဖာ အင်နစ်စတန် သည် နာမည် ကျော်ကြားသော Celebrity များကိုသာ ချစ်သူအဖြစ် ရွေးချယ်လိုကြောင်း သိရှိ ရသည်။

အင်နစ်စတန် သည် ဘရက်ပစ် နှင့် ကွာရှင်း ပြီးနောက် ကျေးလက် အဆိုတော် ဂျွန်မေယာ နှင့် ကာလ အတန်ကြာ တွဲနေခဲ့ပြီးမှ ယခုနှစ် အစောပိုင်းတွင် လမ်းခွဲ ခဲ့သူဖြစ်သည်။

အင်နစ်စတန် နှင့် နီးစပ်သူ အချို့တို့က မင်းသမီးသည် သာမန် အခြေအနေမှ လူမသိ သူမသိ အမျိုးသား တဦးကို စိတ်ကူးပင် ယဉ်မည် မဟုတ်ကြောင်း၊ အင်နစ်စတန် သည် အရာရာကို ထူးထူးခြားခြား ထင်ထင်ရှားရှား လုပ်ကိုင်လိုသည့် အာသီသ ရှိကြောင်း ပြောဆို သွားခဲ့သည်။

အင်နစ်စတန် သည် လတ်တလော ရိုက်ကူးနေသည့် The Bounty ဇာတ်ကားမှ တွဲဖက် သရုပ်ဆောင် မင်းသား ဂျာရတ် ဘတ်တလာ နှင့် ဇာတ်လမ်း ဖြစ်၍ လေသံ ထွက်နေသည်။

အင်နစ်စတန် နှင့် ဘတ်တလာ တို့အား မန်ဟက်တန်ရှိ The Jane ဟိုတယ်တွင် တွေ့ရှိ လိုက်သူများက သူမ တို့နှစ်ဦးသည် လက်ချင်းချိတ်ပြီး အလွန်ပျော်ရွှင် ကြည်နူး နေပုံရကြောင်း ပြောဆို ခဲ့ကြသည်။

သို့သော်လည်း အင်နစ်စတန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကမူ အင်နစ်စတန် နှင့် ဘတ်တလာတို့ ချစ်သူများ ဖြစ်နေပြီဆိုသော သတင်းကို ငြင်းဆန်ခဲ့ပြီး ဘတ်တလာသည် အင်နစ်စတန်၏ သူငယ်ချင်းများ အနက် တဦးသာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here