ပရီးမီးယား ချန်ပီယံ ဖြစ်နိုင်သေးဟု လီဗာပူးလ် ကစားသမား ပြောကြား

alt

မိမိတို့ အသင်းသည် ပရီးမီးယား လိဂ် ချန်ပီယံဘွဲ့ကို မျှော်လင့် နိုင်သေးကြောင်း လီဗာပူးလ် ကွင်းလယ်လူ ယိုဆေး ဘီနာယောင်း က ပြောကြား လိုက်သည်။

လက်ရှိ အချိန်တွင် ရလဒ်ဆိုးများ ကြံုတွေ့ နေရသော်လည်း လီဗာပူးလ်၏ ခြေစွှမ်းသည် ပြိုင်ဘက်များအား အကောင်းဆုံး စိန်ခေါ် နိုင်ဆဲဖြစ်ကြောင်း ဘီနာယောင်း က ဆိုသည်။

အသက် (၂၇)နှစ် အရွယ်ရှိ အစ္စရေး လက်ရွေးစင်က နည်းပြကြီး ရာဖေးဘင်နီတက်စ် သည် အသင်း၏ လက်ရှိ ခြေစွမ်းကို အမြင့်ဆုံး ရောက်အောင် တွန်းအား ပေးနိုင်မည်ဟု သုံးသပ်ခဲ့သည်။

လီဗာပူးလ် သည် ပရီးမီးယားလိဂ် (၃)ပွဲ ကစားပြီးချိန်တွင် (၂)ပွဲ ရှုံးခဲ့ပြီးနောက် ဖိအားများနှင့် ရင်ဆိုင် နေရသည်။ အထူးသဖြင့် အက်စတွန်ဗီလာ အား (၃-၁)ဖြင့် ရှုံးနိမ့်မှုသည် အသင်း၏ (၂၁)လကြာ ပရီးမီးယားလိဂ် အရှုံးမရှိသော စံချိန်ကို ကြေပျက် သွားစေသည်။

ဘီနာယောင်းက လီဗာပူးလ်သည် ဒဏ်ရာများကြားမှ ရုန်းထ လာကာ ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အရည်အသွေး ရှိသည်ဟု ဆိုသည်။ သို့သော်လည်း သတင်းများက ဗီလာအား ရှုံးနိမ့်ခဲ့မှုသည် လီဗာပူးလ်၏ အသင်းစည်းလုံးမှုကို ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သုံးသပ် ဖော်ပြနေကြသည်။

ထိုပွဲ အပြီးတွင် လီဗာပူးလ် နည်းပြ ဘင်နီတက်စ်က အသင်းခေါင်းဆောင် စတီဖင် ဂျာရတ်အား ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သေးသည် ဟုလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here