ဂျိမ်းစ်ဘွန်း လက်ပတ်နာရီ ပုံစံ LG မိုဘိုင်းလ်ဖုန်း စတင် ရောင်းချတော့မည်

alt

LGသည် ကမာ္ဘကျော် ထောက်လှမ်းရေး ရုပ်ရှင် ဇာတ်ကားကြီးမှ ဂျိမ်းစ်ဘွန်း၏ လက်ပတ် နာရီပုံစံ မိုဘိုင်းလ်ဖုန်းကို စတင် ရောင်းချတော့မည် ဖြစ်သည်။

အဆင့်မြင့် နည်းပညာသုံး အဆိုပါ လက်ပတ် မိုဘိုင်းလ်ဖုန်းကို ဗြိတိန်တွင် လာမည့် သီတင်းပါတ်မှ စတင် ရောင်းချတော့မည်ဟု LG က ကြေညာခဲ့ပြီး ဈေးနှုန်း အနေနှင့် ပေါင်စတာလင် (၅၀၀) မျှ ကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။

3G+ ဟု အမည် ပေးထားသည့် ယင်းဖုန်းများကို လန်ဒန်ရှိ ဘွန်းလမ်းမှ စတေရှင် စတိုးတွင်သာ ၀ယ်ယူ ရရှိနိုင်ဦးမည်ဟု ဆိုသည်။ ထိုကဲ့သို့သော လက်ပတ်နာရီ မိုဘိုင်းလ် ဖုန်းများ၏ Touchscreen အသုံးပြု ဖုန်းများကို Orange ကလည်း အမှာစာပေး ထုတ်လုပ်မည် ဖြစ်သည်။

LG ၏ ဖုန်းတွင်လည်း Touchscreen ကို အသုံးပြုထားပြီး Built-in စပီကာ၊ Mp3/ACC ပလေယာတို့ ပါ၀င်ပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင် Theme များကိုပါ ထည့်သွင်း ပေးထားသည်။ VGA ကင်မရာနှင့် Bluetooth နည်းပညာများ ပါ၀င်ပြီး ကင်မရာ၏ ကြည်လင်မှုနှင့် အသံစနစ် တို့မှာ အလွန် ကောင်းမွန်ကြောင်း သိရှိရသည်။

LG သည် အမြင်ဆန်းသော ၎င်းတို့၏ ဖုန်းအသစ်သည် iPhone နှင့် Nokia N97 တို့ထံမှ ဈေးကွက်ကို ခွဲဝေ ရယူနိုင်မည်ဟု မျှော်လင့်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here