ချဲလ်ဆီး ကစားသမားဟောင်း အား မန်ယူမှ ကမ်းလှမ်းဖွယ်ရှိ

alt

အ့ံအားသင့်ဖွယ် အခြေအနေ တခုအဖြစ် မန်ချက်စတာ ယူနိုက်တက် သည် ၎င်းတို့၏ မဟာပြိုင်ဘက် ချဲလ်ဆီးအသင်း ကစားသမားဟောင်း အာဂျန်ရော်ဘင် အား ကမ်းလှမ်းဖွယ် ရှိသည်ဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။

ယူနိုက်တက် နည်းပြကြီး ဆာ အဲလက်ဖာဂူဆန်မှာ နောက်ထပ်လူသစ် မဝယ်တော့ဟု ပြောဆို ထားသည့်တိုင် အသင်းမှ ဘရာဇီး လက်ရွေးစင် အန်ဒါဆင်က ထွက်ခွာရန် ခွင့်ပြုချက် တောင်းခံ ခဲ့ပြီးနောက် ၎င်းကို ရောင်းချဖြစ်ပါက နယ်သာလန် တောင်ပံလူ ရော်ဘင်နှင့် အစားထိုးရန် အလားအလာ ရှိနေကြောင်း သိရှိရသည်။

အသက် (၂၅)နှစ်ရှိ ရော်ဘင်သည် ထူးချွန်သော တောင်ပံလူ တဦး ဖြစ်သော်လည်း ရီးရဲလ် မက်ဒရစ်သို့ ကီရင် ဘန်ဇီးမား၊ ခရစ်စတီယာနို ရော်နာဒို နှင့် ရီကာဒို ကာကာ တို့ ရောက်ရှိ လာပြီးနောက် နေရာပျောက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

သတင်းများက အန်ဒါဆင်သာ အမှန်တကယ် အသင်းပြောင်း ဖြစ်ပါက ဖာဂူဆန်သည် ရော်ဘင်ကို မဖြစ်မနေ ၀ယ်ယူ ဖွယ်ရှိကြောင်း ရေးသား ဖော်ပြနေကြသည်။ ရော်ဘင်သည် လက်ရှိပေါက်ဈေး ပေါင်(၂၅)သန်းမျှ တန်ဖိုး ရှိနေသော်လည်း ဖာဂူဆန်၏ လက်ထဲတွင် ရော်နာဒိုအား ရောင်းချထားသည့် ပေါင်သန်း(၈၀)မှ အများစု ကျန်ရှိ နေဆဲဖြစ်သောကြောင့် ငွေကြေးအင်အား တောင့်တင်း နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here