ကြိမ်ဒဏ်ခံ မလေးရှား မော်ဒယ်အား အယူခံ ဝင်ရန် ဝန်ကြီးချုပ် တိုက်တွန်း

alt

ဘီယာ သောက်မိသဖြင့် ကြိမ်ဒဏ် ချခံထားရသော မလေးရှား မော်ဒယ် အမျိုးသမီးအား အယူခံဝင်ရန် ၀န်ကြီးချုပ် နာဂျစ်ရာဇက် က တိုက်တွန်း လိုက်သည်။

အသက် (၃၂)နှစ် အရွယ် ကာတီခါဆာရီ ဒေဝီရှူကာနို သည် ဘာသာရေး အရ အရက်သေစာ သောက်စားမှုသည် အပြစ်ရှိသည် ဆိုသော စွပ်စွဲမှုဖြင့် ယခု တပါတ်အတွင်း ကြိမ်ဒဏ် ချခံရမည်ဖြစ်ပြီး လက်တလောတွင် အချုပ်ထောင် တခုအတွင်း တပါတ်ကြာမျှ ရောက်ရှိနေသည်။

သူမသည် (၂၀၀၈)ခုနှစ် အတွင်းက ကလပ်တခု အတွင်း ဘီယာ သောက်ခဲ့မိကြောင်း ၀န်ခံပြီးနောက် မလေးရှားနိုင်ငံ၏ မွတ်ဆလင် စည်းမျဉ်းများ အရ အပြစ်ရှိသဖြင့် ယခုလို ကြိမ်ဒဏ်နှင့် ကြံုတွေ့ နေရခြင်း ဖြစ်သည်။

ကလေး(၂)ဦး၏ မိခင်ဖြစ်သူ ရှူကာနိုက သူမ၏ ပြစ်ဒဏ်အတွက် မည်သို့မျှ အငြင်း မပွားသည့်တိုင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ဘီယာ သောက်ရုံဖြင့် ကြိမ်ဒဏ် ပေးမှုအတွက် ၀ိုင်းဝန်း ကန့်ကွက်ကြရာမှ ယခုလို ၀န်ကြီးချုပ်က အယူခံဝင်ရန် တိုက်တွန်း လာခြင်းဖြစ်သည်။

ရှူကာနို သည် မလေးရှားနိုင်ငံ သမိုင်းတလျှောက် ပထမဆုံး ကြိမ်ဒဏ်ခံ အမျိုးသမီး ဖြစ်လာသော်လည်း ၀န်ကြီးချုပ်က ထိုကိစ္စသည် ပင်လျင် အာဏာပိုင်များ အတွက် ကိုင်တွယ်ရ ခက်ခဲစေသည့် အခြေအနေမျိုးသို့ ဦးတည်နေကြောင်း ၀န်ခံခဲ့သည်။ ပြည်တွင်း သတင်းဌာနများက ရှူကာနို အနေနှင့် သူမသည် နောက်တကြိမ် လူမြင်ကွင်းတွင် အရက်သေစာ သောက်စားမှု မပြု လုပ်တော့ပါဟု ခံဝန်ကတိ ပေးမည်ဆိုပါက ကြိမ်ဒဏ်မှ ကင်းလွတ်ခွင့် ရဖွယ်ရှိကြောင်း ခန့်မှန်း ဖော်ပြလျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here