ဂွာတာနာမို အကျဉ်းသားအား ရှေ့နေများ စာဖြင့် ဆက်သွယ်ခွင့်ရ

alt

ဂွာတာနာမို အကျဉ်းထောင်ကြီးတွင် ထိန်းသိမ်းထားသည့် ကမာ္ဘကျော် 9/11 အကြမ်းဖက် မှုကြီးအား ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲ ခံထားရသူ အကျဉ်းသားအား ရှေ့နေများက မေးခွန်းများကို စာဖြင့် မေးမြန်းနိုင်ကြောင်း အမေရိကန် တရားရုံး တခုက ခွင့်ပြုမိန့် ထုတ်ပေး လိုက်သည်။

ခါလစ်ရှိတ် မိုဟာမက် သည် အမေရိကန် ကုန်သွယ်ရေး အမြွှာညီနောင် အဆောက်အအုံကြီး (၂)ခု တို့အား လေယာဉ်များကို အပိုင်စီးပြီး ၀င်ရောက် တိုက်ခိုက်မှုတွင် အဓိက ဦးဆောင် ညွှန်ကြားခဲ့သူဟု အမေရိကန်က ယူဆနေပြီး ၎င်းအား အဓိက အားပေးခဲ့သူဟု စွပ်စွဲ ခံနေရသည့် အက်ဘူဒယ် ရာဟင်း ဂူလမ် ရာဘနီ မှာ ကျူးဘားရှိ ဂွာတာနာမို ပင်လယ်ကွေ့ ထောင်ကြီးထဲတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ယခုအခါ ပြည်ထောင်စု တရားသူကြီး ရီကာဒို အာဘီနာ က ရှေ့နေများ အနေနှင့် ရာဘနီထံ စာရေးပြီး မိုဟာမက်နှင့် ပတ်သက်သော အချက်အလက် များအား မေးမြန်းခွင့် ပြုမည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း ရာဘနီ ထံမှ ပြန်ကြား စာများကို ၎င်း၏ ရှေ့နေများ လက်ထဲသို့ မပို့ဆောင်မီ အစိုးရ ရှေ့နေများက ကြားဖြတ် ကြည့်ရှုမည် ဟုလည်း သိရသည်။

အာဘီနာက ၎င်းသည် မိုဟာမက် အတွက် အလုပ် လုပ်ပေးသည်ဟု ၀န်ခံ ခဲ့ပြီးနောက် ဂွာတာနာမို အကျဉ်းထောင်ကြီးတွင် ဖမ်းဆီးခြင်း ခံထားရပြီး ထို အကျဉ်းထောင်ကြီးကို အမေရိကန် သမတ ဘားရက် အိုဘားမား၏ အမိန့်ဖြင့် ပိတ်သိမ်း ပြီးချိန်တွင်လည်း အမေရိကန် အကျဉ်းထောင် တခုခုသို့ လွှဲပြောင်း ရောက်ရှိနိုင်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here