ဂရိတောမီး ထိန်းချုပ်နိုင်ပြီဟု ကြေညာ

alt

မြို့တော် အေသင်အနီး အရှိန်ပြင်းထန်စွာ လောင်ကျွမ်း နေသော တောမီးကို နိုင်နင်းစွာ ထိန်းချုပ် လိုက်နိုင်ပြီ ဖြစ်ကြောင်း ဂရိ မီးသတ်ဌာနက အတည်ပြု ကြေညာ လိုက်သည်။

ဩဂုတ်လ (၂၅)ရက် နေ့က မီး မုန်တိုင်းသဖွယ် ပျံ့နှံ့ လောင်ကျွမ်းနေသော နေရာ အတော်များများကို ယခုထက် အခြေအနေ မဆိုးအောင် ဟန့်တား ထားနိုင်ပြီဟု မီးသတ်ဌာနက ဆိုသည်။

လက်ရှိ အခြေအနေသည် တိုးတက်မှုများ ရှိနေပြီး အေသင် အထိ မီးကူး လာမည်ကို မစိုးရိမ် ရတော့ဟု သိရှိရသည်။ မြေပြင်မီးသတ် တပ်ဖွဲ့များသည် လေကြောင့် မီးကူး စက်နိုင်မည့် နေရာများကို သတိထား စောင့်ကြည့်လျှက် ရှိသလို ကီသာအီရိုနက်စ် တောင်အနီးရှိ မီးဝိုင်းနေသော ဒေသတွင် လေယာဉ်များက ရေများ ဖြန်းပက်ကြဲချပြီး မီးငြှိမ်း သတ်နေဆဲဖြစ်သည်။

မီးသည် အီဗီရာကျွန်း ရှိ ကယ်ရီစတော အထိ လောင်ကျွမ်း နေသောလည်း အခြေအနေ ငြိမ်းအေးလာပြီဟု မီးသတ် တပ်ဖွဲ့က အတည်ပြုခဲ့သည်။ ဂရိမီးသတ် တပ်ဖွဲ့နှင့်အတူ ဩစတြီးယား၊ ဆိုက်ပရပ်၊ ပြင်သစ်၊ အီတလီနှင့် တူရကီတို့မှ မီးသတ် ၀န်ထမ်း (၅၀၀)ကျော်တို့ ပူးပေါင်း ငြှိမ်းသတ်ပြီးနောက် မီး၏ ကျယ်ပြန့်လာမှုကို ထိန်းချုပ် နိုင်ခဲ့သည့်တိုင် အေသင် မြို့အနီး ဟက်တာ (၂၀၀၀၀) ကျော်အပြင် လူနေအိမ်ခြေ အမြောက်အမြား မီးနှင့်အတူ ပါသွားကြောင်း တာဝန် ရှိသူများက ဆိုသည်။

သို့သော်လည်း မီးကူးစက်ရာ ဒေသများတွင် ကြိုတင် ရွှေ့ပြောင်းမှုများ ပြုလုပ် ပေးထားသဖြင့် အသေအပျောက် မရှိနိုင်ဟု အေသင် မီးသတ်ဌာနက ယူဆလျှက် ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here