လော်ကာဘီး လေယာဉ်ဗုံးခွဲ တရားခံ ပြန်လွှတ်ပေးမှုအား FBI ဝေဖန်

alt

အမေရိကန် နိုင်ငံရှိ FBI ထောက်လှမ်းရေးဌာန ဒါရိုက်တာ ဖြစ်သူ ရောဘတ်မူလာ က လော်ကာဘီး လေယာဉ်ဗုံးခွဲမှု တရားခံအား ပြန်လွှတ် ပေးလိုက်သည့် စကော့တလန် အစိုးရ၏ လုပ်ရပ်မှာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ဝေဖန်ပြစ်တင် လိုက်သည်။

မူလာက စကော့တလန် တရားရေး ၀န်ကြီးဌာနမှ အတွင်းရေးမှူး ကင်နီမက် အက်စကေး ထံ သီးသန့် စာတစောင် ရေးသား ပေးပို့ခဲ့ပြီး ကင်နီ၏ လုပ်ရပ်မှာ အကြမ်းဖက်မှုကို အားပေးအားမြှောက် သဘောမျိုး ဖြစ်နေကြောင်း စွပ်စွဲ ထားသည်။

ကင်နီသည် ဗြိတိန် ဆရာဝန်များက အကြမ်းဖက်သမား အက်ဘဒယ် ဘာဆက်အယ် မာဂရာဟီ သည် ကင်ဆာကြောင့် လ အနည်းငယ် မျှသာ နေခွင့် ရတော့မည် ဖြစ်ကြောင်း စစ်ဆေး ဖော်ထုတ်ခဲ့ပြီး နောက် လစ်ဗျားသို့ ပြန်ခွင့်ပေးရန် ဆုံးဖြတ် ခဲ့သူလည်း ဖြစ်သည်။

မူလာ ကမူ ထိုကိစ္စ အတွက် မိမိအနေနှင့် အလွန် ဒေါသဖြစ်မိကြောင်း စာထဲတွင် ပွင့်ပွင့်လင်းလင်း ရေးသားထားကြောင်း သိရှိရသည်။ မူလာသည် FBI ဒါရိုက်တာ ဖြစ်မလာခင်က အမေရိကန် တရားရေး ၀န်ကြီးဌာန၏ ဌာနဆိုင်ရာ ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး မာဂရာဟီ ဗုံးခွဲခဲ့သည့် လော်ကာဘီး လေယာဉ် အမှုကြီးအား စုံစမ်းရေး ကိစ္စတွင် ပါ၀င် ဆောင်ရွက်ခဲ့ ဖူးသူ ဖြစ်သည်။

(၁၉၈၈) ခုနှစ်က ဖြစ်ပွားခဲ့သည့် လေယာဉ် ဗုံးခွဲမှုအတွက် အမေရိကန် နိုင်ငံသား အများစု ပါ၀င်သည့် လူပေါင်း (၂၇၀) သေဆုံးခဲ့ကြောင်း သိရှိရသည်။ စကော့တလန် ဘက်မှမူ ကင်ဆာရောဂါကို သေလုမျောပါး ခံစားနေရသည့် ဗုံးခွဲခဲ့သူအား ပြန်လွှတ် ပေးခဲ့ခြင်းမှာ လူသားဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကာကွယ် ပြောဆိုထားခဲ့ ပြီဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here