တောမီး ငြိှမ်းသတ်ရေး ဂရိ အစိုးရမှ အကူအညီများ တောင်းခံ

alt

ဂရိနိုင်ငံတွင် အပြင်းအထန် လောင်ကျွမ်းနေသော တောမီးအား ငြှိမ်းသတ် နိုင်ရေးအတွက် ကူညီကြပါရန် ဂရိအစိုးရ၏ ပန်ကြားမှုကို အီတလီနှင့် ပြင်သစ် နိုင်ငံများက လက်ခံ လိုက်ပြီ ဖြစ်သည်။

အေသင်မြို့ အပြင်ဘက် သစ်တော ဧရိယာတွင် လောင်ကျွမ်း နေသည့် တောမီးအား ငြှိမ်းသတ်ရေး အတွက် ပြင်သစ်နှင့် အီတလီမှ လေယာဉ်များက ပူးပေါင်း ပါ၀င်ကြမည်ဟု သိရှိရသည်။

ဂရိ မီးသတ်ဌာနမှ တာဝန်ရှိသူ တဦးက ပြင်သစ်မှ မီးသတ် လေယာဉ် (၁)စင်း နှင့် အီတလီမှ (၂)စင်း တို့သည် မီးသတ် လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ရန် ရောက်ရှိ လာတော့မည်ဟု အတည်ပြုခဲ့သည်။

ဩဂုတ်လ (၂၃)ရက် နေ့က ဂရိ မီးသတ်တပ်ဖွဲ့ဝင် (၄၀၀) ကျော်တို့သည် နိုင်ငံ၏ မြို့တော် ဆင်ခြေဖုံးနှင့် အစွန်အဖျား ဒေသများသို့ ခြိမ်းခြောက်လာနေသည့် တောမီးဒဏ်ကို အပြင်းအထန် ဟန့်တား နေခဲ့ရသည်။ မီးသတ်ဌာနက အလွန်အင်အား ပြင်းထန်စွာ တိုက်ခတ်နေသည့် လေကြောင်း ကလည်း တောမီးကို ပြန့်နှံ့မှု လျင်မြန်စေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

ထို့အပြင် မီးသတ် ရဲဘော်များသည် အလွန် အန္တရာယ်များသော အနေအထားတွင် စွန့်စား ငြှိမ်းသတ်မှုများ ပြုလုပ် နေရကြောင်းလည်း သိရှိရသည်။ ဩဂုတ်လ (၂၁)ရက်နေ့ ကတည်းက စတင် လောင်ကျွမ်းလာသည့် တောမီးနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် များနှင့် သေဆုံးသူ စာရင်းကို မသိရသေးဟု သတင်းများက ဖော်ပြခဲဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here