MS Word ကိစ္စ တရားရုံး ဆုံးဖြတ်ချက် ပြင်းထန်ဟု Microsoft စွပ်စွဲ

alt

Microsoft က လက်ရှိ ဖြစ်ပေါ်နေသော MS Word Software ကိစ္စအတွက် တရားရုံး ဆုံးဖြတ်ချက်မှာ မိမိတို့ အတွက် အလွန်ပြင်းထန် လှကြောင်း စွပ်စွဲ ပြောဆို လိုက်သည်။

ကမာ္ဘကျော် Software ကုမ္မဏီကြီးသည် ၎င်း၏ ထုတ်ကုန်ဖြစ်သော MS Word 2003 နှင့် MS Word 2007 တို့အား နည်းပညာ ခိုးယူ သုံးစွဲမှုကြောင့် အမေရိကန် တရားရုံး တခုက ဒဏ်ငွေ အမြောက်အမြား ချမှတ်ခဲ့သလို နိုင်ငံအတွင်း MS Word Version များ ရောင်းချမှုကို (၂)လ အတွင်း ရပ်ဆိုင်းရန် အမိန့် ချမှတ်ခဲ့သည်။

i4i ကုမ္မဏီ၏ Software တခုကို ခိုးယူ သုံးစွဲထားသည် ဟူသော စွပ်စွဲမှုနှင့် ယခု ပြဿနာများကို ကြံုတွေ့ ခဲ့ရသည့် Microsoft သည် အယူခံလွှာ တစောင်ကို တင်သွင်း ခဲ့ပြီးနောက် တရားရုံးက နောက်တကြိမ် ထပ်မံ ကြားနာမှုကို စက်တင်ဘာလ (၂၃)ရက် နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထို့ကြောင့် ကနေဒါ ကုမ္မဏီ i4i နှင့် Microsoft တို့သည် နောက်လတွင် ဒုတိယအကြိမ် ထိပ်တိုက် တွေ့ကြဦးမည် ဖြစ်သည်။ တရားရုံးက Microsoft ပေးချေရမည့် လျော်ကြေးငွေ ဒေါ်လာ သန်း(၂၉၀)ကို ထိုအယူခံ ကြားနာသည့် နေ့မတိုင်မီ ပေးချေရန် မလိုအပ်သေးကြောင်း အတည်ပြုခဲ့သည်။

Microsoft က ၎င်းတို့ထံတွင် အပြစ်မရှိသဖြင့် အယူခံတွင် အောင်မြင်မှု ရရှိမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ကြေညာထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here