လီဗာပူး ကစားသမားသစ် ဂလင်းဂျွန်ဆင် အား ဂျရတ် ချီးကျူး

alt

လီဗါပူး အသင်းသို့ ရောက်ရှိလာသော ကစားသမားသစ် ဂလင်းဂျွန်ဆင် သည် အံ့ဖွယ်သူရဲ ထူးချွန်သော ဘောလုံးသမားဟု လီဗာပူး ကပ္ပတိန် စတီဖင် ဂျရတ်က ချီးကျူးလိုက်သည်။

လီဗာပူးသည် ယခုနှစ် ပရီးမီးယား လိဂ် ရာသီအစ (၂)ပွဲတွင် တော့တင်ဟမ် ဟော့စပါးအား (၂-၁)ဖြင့် အရေးနိမ့်ပြီး စတုတ်စီးတီး ကိုမူ (၄-၀)ဖြင့် အနိုင် ရခဲ့သည်။

ထိုပွဲ နှစ်ပွဲလုံးတွင် အင်္ဂလန် လက်ရွေးစင် ဂျွန်ဆင်က အထူး ခြေစွမ်းပြခဲ့ပြီး တော့တင်ဟမ် ဘက်သို့ ဂျရတ် သွင်းယူခဲ့သည့် ပင်နယ်တီမှာ ဂျွန်ဆင်အား တော့တင်ဟမ် နောက်ခံ လူများက တားဆီးရန် ကြိုးပမ်းရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စတုတ်နှင့် ပွဲတွင်လည်း ဂျွန်ဆင်သည် မြေမကျ ဘောကန်သွင်းကာ အနိုင်ဂိုး တဂိုး လှလှပပ ရယူပေးခဲ့သည်။ အသက် (၂၄)နှစ်ရှိ ဂျွန်ဆင်နှင့် ပတ်သက်ပြီး အလွန် အံ့ဩမိသလို အသင်းတွင် လျင်လျင်မြန်မြန် အထိုင်ကျ လာသည်ကို တွေ့ရသဖြင့် ကျေနပ်မိကြောင်း ဂျရတ် ကဆိုသည်။

ဂျွန်ဆင်သည် ညာတောင်ပံ ခံစစ်မှူး တစ်ဦးသာ ဖြစ်သော်လည်း အခြားအသင်းများ၏ ခံစစ်ကို အကောင်းဆုံး ခြိမ်းခြောက် နိုင်သူဟု ဂျရတ်က ညွှန်းဆိုခဲ့သည်။ ဂျွန်ဆင်သည် ယခုနှစ် အပြောင်းအရွှေ့ ဈေးကွက်အတွင်း ပို့မောက်စ်မှ ပေါင်စတာလင် (၁၈)သန်းဖြင့် လီဗာပူးသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here