Inglourious Basterds ဇာတ်ကား Valkyrie ထက် သာလွန်မည်ဟု ဘရက်ပစ် ပြောကြား

alt

ဒုတိယ ကမာ္ဘစစ် အခြေပြု ဇာတ်ကားများတွင် မိမိ၏ ရုပ်ရှင်က တွမ်ခရုစ် ၏ နာမည်ကျော် Valkyrie ဇာတ်ကားထက် သာလွန် လိမ့်မည်ဟု ဘရက်ပစ်က ပြောကြား လိုက်သည်။

Inglourious Basterds အမည်ရှိ နာဇီအခြေပြု ဇာတ်ကား အတွက် Promotion ပြုလုပ်ချိန်တွင် ပစ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ (၂၁)ရက် နေ့က ပြုလုပ်ခဲ့သော Promotion တွင် ယခု ဇာတ်ကားသည် အအောင်မြင်ဆုံး ဇာတ်ကား ဖြစ်လာမည်ဟု ပစ်က ဂျာမန် မဂ္ဂဇင်း Stern သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် (၄၅)နှစ်ရှိ မင်းသားက ဒုတိယ ကမာ္ဘစစ်ကြီးသည် ဇာတ်ကားသစ်များ အခြေပြု ရိုက်ကူးနိုင်မည့် ရင်းမြစ်ကြီး အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း၊ မိမိ သရုပ်ဆောင် ထားသည့် Inglourious Basterds သည် ဒုတိယကမာ္ဘစစ် အခြေပြု ဇာတ်ကားများ အနက် အကောင်းဆုံး ဖြစ်လာနိုင်ကြောင်း သုံးသပ် ခန့်မှန်းသွားသည်။

ပရိသတ်များက ပစ်၏ ပြောစကားသည် Interview with the Vampire ဇာတ်ကားတွင် အတူတကွ တွဲဖက် သရုပ်ဆောင်ဖူးသည့် ခရုစ်အား တိုက်ခိုက် ပြောဆိုခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုလျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here