မန်ယူ အတွက် သွင်းဂိုးပေါင်း တရာ ပြည့်သွားသည့် ဝိန်းရွန်နေး

alt

ဩဂုတ်လ (၂၂)ရက် နေ့ညက ယှဉ်ပြိုင်ခဲ့သော ၀ီဂန်နှင့် ပရီးမီးယား လိဂ်ပွဲစဉ်တွင် ၀ိန်းရွန်နေး သည် မန်ချက်စတာ ယူနိုက်တက် အတွက် (၁၀၀)မြောက် ဂိုးကို သွင်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

အသက် (၂၃)နှစ်သာ ရှိသေးသည့် တိုက်စစ်မှူးသည် ထိုနေ့က ယူနိုက်တက် အသင်း (၅-၀)ဖြင့် အပြတ်အသတ် အနိုင် ရရာတွင် (၂)ဂိုး သွင်းယူ ပေးခဲ့သည်။
 
အင်္ဂလန် လက်ရွေးစင် ရွန်နေး၏ ပထမဂိုးသည် ၎င်းအတွက် (၁၀၀) မြောက်ဂိုး ဖြစ်လာခဲ့သလို ယခုအခါ ရွန်နေး၏ ယူနိုက်တက် သွင်းဂိုးသည် (၁၀၁)ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်သည်။ ယူနိုက်တက်ကို ကိုယ်စားပြုပြီး ဂိ်ုးရာပြည့် သွင်းနိုင်ခဲ့သည့် အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း အဲဗာတန်မှ ပေါင်(၂၇) သန်းဖြင့် ပြောင်းရွှေ့လာသည့် တိုက်စစ်မှူး က ဆိုသည်။
 
ဘန်လေအား ရှုံးနိမ့်ထားသည့် အတွက် ဖိအားဝင်နေသော ယူနိုက်တက်သည် ပထမပိုင်း တပိုင်းလုံး ဂိုးမသွင်း နိုင်ဘဲ ၀ီဂန်၏ တုန့်ပြန်မှု အောက်တွင် အသည်းအသန် ရုန်းကန် နေခဲ့ရရှာသည်။ သို့သော်လည်း ဒုတိယပိုင်း ပြန်စချိန်တွင် ရွန်နေးက ဂိုးစ သွင်းပြီးနောက် ပုံမှန် ခြေစွမ်း ပြန်ရလာကာ ပြိုင်ဘက်အား အပြတ်အသတ် ချေမှုန်းခဲ့သည်။

 ထိုနေ့က ယူနိုက်တက် အတွက် ကျန်(၃)ဂိုးကို ဒီမီတာ ဘာဘာတော့၊ မိုက်ကယ် အိုဝင် နှင့် နာနီ တို့က အသီးသီး သွင်းယူ ပေးသွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here