အေမီဝိုင်းဟောက် ကလေး ယူမည်ဟု ဆို

alt

အေမီဝိုင်းဟောက် သည် ကွာရှင်း ထားပြီးဖြစ်သည့် ခင်ပွန်းဟောင်း ဘလိတ်ဖီလ် ဒါဆီဗယ် နှင့် ကလေးရရန် မျှော်လင့်နေသည် ဆိုသော သတင်းများကြောင့် သူမ၏ ဖခင်မှာ စိတ်မချမ်းမသာ ဖြစ်နေကြောင်း သိရှိရသည်။

၀ိုင်းဟောက်၏ ဖခင်ဖြစ်သူ မစ်ဝိုင်းဟောက်သည် ဘလိတ်အား တူးတူးခါးခါး မုန်းတီးသူ ဖြစ်ပြီး ၎င်း၏သမီး မူးယစ်ဆေးဝါး သုံးစွဲ တတ်လာမှုသည် ဘလိတ်ကြောင့်ဟု စွပ်စွဲ ခဲ့ဖူးသည်။ ၀ိုင်းဟောက် နှင့် ဘလိတ် တို့သည် ကွာရှင်းပြီး ဖြစ်နေသည့်တိုင် ဘလိတ်က ပြန်လည် တောင်းပန်ပြီးနောက် သင့်မြတ် နေပြန်ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်ကို အခြေခံ၍ ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဘလိတ်က ၎င်းသည် Rehab တွင် ပါ၀င်သော အမျိုးသမီး တဦးနှင့် ကလေးယူရန် အစီအစဉ် ရှိနေကြောင်း လူသိရှင်ကြား ပြောဆိုနေရာ ထို အမျိုးသမီးသည် Rehab အဆိုတော် အေမီပင် ဖြစ်နိုင်သည်ဟု သတင်းကြီးနေသည်။ မစ်အနေနှင့် ထိုသတင်းသာ အတည်ဖြစ်ခဲ့ပြီး အေမီသည် ဘလိတ်နှင့် ရင်သွေးရရန် ကြံစည်နေပါက နှလုံးဖောက်ပြန်ပြီး အသက်ပါ သွားနိုင်ကြောင်း မစ်၏ မိတ်ဆွေများက ဆိုသည်။

ဂရမ်မီဆုရှင် ၀ိုင်းဟောက် ကမူ ယခု ထွက်ပေါ်နေသော သတင်းများ အတွက် ငြင်းဆိုခြင်းလည်း မပြုလုပ်သလို ၀န်ခံမှုလည်း မရှိသဖြင့် ပရိသတ်များက ဘလိတ်နှင့် ၀ိုင်းဟောက်တို့ ပြန်လည် သင့်မြတ်နေပြီ ဆိုသော ဖော်ပြချက်များမှာ အမှန်ဖြစ်နိုင်ရန် နီးစပ်ကြောင်း ခန့်မှန်း နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here