ရေအားလျှပ်စစ် စက်ရုံမှ သေဆုံးသူများ၏ မိသားစုများအား ထောက်ပ့ံမည်

alt

ရုရှား ၀န်ကြီးချုပ် ဗလာဒီမာ ပူတင်က ဗုံးခွဲတိုက်ခိုက် ဖျက်ဆီးခဲ့သည်ဟု ယူဆရသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဆိုက်ဘေးရီးယား ရေအားလျှပ်စစ် စက်ရုံသို့ ဩဂုတ်လ (၂၁)ရက် နေ့က

လာရောက် ခဲ့ပြီးနောက် သေဆုံးသူ များ၏ မိသားစုများကို ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု ကတိပြု ပြောဆို သွားခဲ့သည်။

ဩဂုတ်လ (၁၇)ရက် နေ့က တာဘိုင် တခု ပေါက်ကွဲခဲ့သည့် Sayano-Sjsjenskaya ရေအား လျှပ်စစ်စက်ရုံ မတော်တဆ ဖြစ်မှုအတွင်း (၂၆)ဦး သေဆုံးပြီး (၄၃)ဦး ပျောက်ဆုံး နေဆဲဖြစ်သည်။ သေဆုံး သွားသူများ၏ မိသားစုများသို့ နစ်နာကြေး ရူဘယ်တသန်းစီ ပေးသွားရန်နှင့် ပျောက်ဆုံးနေသည့် အလုပ်သမား များ၏ မိသားစုများ ကိုလည်း ထောက်ပ့ံကြေး ပေးသွားရန် အစီအစဉ် ရှိကြောင်း ပူတင် က ဆိုသည်။

ယခု ဖြစ်ရပ်အတွက် အလွန် ကြေကွဲ ၀မ်းနည်းမိပြီး မတော်တဆ ဖြစ်ရပ်အတွင်း အသက်ပေးခဲ့ရသည့် စက်ရုံ ၀န်ထမ်းများ အတွက် ရုရှား အစိုးရက တတ်အားသ၍ တာဝန်ယူရန် ဆန္ဒရှိကြောင်း စက်ရုံသို့ လာရောက် စစ်ဆေးစဉ် ပူတင်က ပြောကြားခဲ့သည်။ ပျောက်ဆုံး နေသူများအား ကယ်ဆယ်ရေး ၀န်ထမ်းများက ရှာဖွေနေဆဲ ဖြစ်သည့်တိုင် အလွန်အေးသော ရေထဲတွင် အသက်ရှင်ရန် မျှော်လင့်ချက် မရှိသလောက် နည်းပါးနေကြောင်း ထုတ်ဖော် ၀န်ခံထားသည်။

ယခု ဖြစ်ရပ်အတွက် စက်ရုံတွင် တာဝန် ရှိသောကြောင့် စက်ရုံ ရံပုံငွေမှ အလုပ်သမားများ၏ ကျန်ရစ်သူ မိသားစုများ အတွက် နစ်နာကြေး ပေးအပ်သွားရန် မိမိအနေနှင့် ညွှန်ကြားပြီး ဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here