အာဖဂန် ရွေးကောက်ပွဲ ကျင်းပနိုင်မှု အပေါ် အိုဘားမား သုံးသပ်ပြောကြား

alt

အာဖဂန် နစ္စတန်နို်င်ငံ ရွေးကောက်ပွဲ ကျင်းပမှုသည် အောင်မြင်ခဲ့ကြောင်း မိမိ ယူဆသည်ဟု အမေရိကန် သမတကြီး ဘာရက် အိုဘားမား က ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန်တို့ ၀င်ရောက် တပ်စွဲထားသည့် အာဖဂန်နိုင်ငံ ရွေးကောက်ပွဲ များကို ဩဂုတ်လ (၂၀)ရက် နေ့က ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်သည်။ တာလီဘန် တို့၏ ခြိမ်းခြောက်မှုများ ရှိနေလင့်ကစား ရွေးကောက်ပွဲကို ငြိမ်းချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ကျေနပ်မိကြောင်း သမတကြီးက CBS ရေဒီယိုဌာန နှင့် အင်တာဗျူးတွင် ပြောကြား သွားခဲ့သည်။

ထို့အပြင် ယခု ရွေးကောက်ပွဲသည် အာဖဂန်တွင် အမေရိကန်၏ အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အတွက် အရေးပါသော အထောက်အပံ့ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း သမတကြီးက ဆိုသည်။

တာလီဘန် တို့သည် ရွေးကောက်ပွဲကို နှောင့်ယှက် ဖျက်ဆီးမည်ဟု ကြွေးကြော် ကြံုးဝါး ထားသည့်တိုင် အာဖဂန်ပြည်သူ သန်းပေါင်း များစွာတို့သည် နိုင်ငံတဝှမ်းရှိ မဲရုံပေါင်း (၇၀၀၀)ကျော်သို့ လာရောက် မဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲတွင် အနိုင် ရရှိသူသည် အာဖဂန် သမတ အဖြစ် (၅)နှစ် တာဝန်ယူခွင့် ရရှိမည်ဖြစ်ပြီး လက်ရှိ သမတ ဟာမစ်ကာဇိုင်းမှာ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here