ဒစ္စကာဗါရီ လွန်းပျံ အာကာသယာဉ် လွှတ်တင်ရန် အသင့်

alt

အမေရိကန် နိုင်ငံ ဖရော်ရီဒါ ပြည်နယ်၊ ကိပ်ကာနီဗယ် အငူရှိ ကနေဒီ အာကာသ အေဂျင်စီ၌ ဒုံးပျံ ပစ်လွှတ်သည့် စင်အမှတ် ၃၉(အေ)တွင် မနက်ဖန် အင်္ဂါနေ့ အစောပိုင်း လွှတ်တင်မည့် ဒစ္စကာဗါရီ လွန်းပျံယာဉ်မှာ

ယနေ့ မိုးကြိုး မုန်တိုင်းများ ပစ်ခတ်နေမှုကြောင့် လောင်စာဆီ ဖြည့်တင်းကာ ရာသီဥတု အခြေအနေ စောင့်ကြည့်နေ၍ ရာသီဥတု အခြေအနေ မီးစိမ်းပြလျှင် မနက်ဖန် နံနက် အစောပိုင်းတွင် အာကာသသို့ လွှတ်တင်နိုင်မည် ဖြစ်သည်။

နိုင်ငံတကာ အာကာသ စခမ်းသို့ သွားရောက်မည့် ဒစ္စကာဗါရီ အာကာသ ယာဉ်နှင့် ပါတ်သက်၍ နာဆာ မန်နေဂျာမှ တနင်္ဂနွေ နေ့တွင် လွှတ်တင်ရန် ဆုံးဖြတ် ထားခဲ့သော်လည်း စွမ်းအင် ထိမ်းချုပ်ရာ အစိတ်အပိုင်း တချို့အား လဲလှယ် တပ်ဆင် နေသောကြောင့် ယခုကဲ့သို့ နောက်ကျရခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ယခု ခရီးစဉ်အား စီစဉ် ကြီးကြပ်သူ Mike Moses ကမူ  အချို့သော အစိတ်အပိုင်း များမှာ မလဲလှယ်သည်မှာ ကြာပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ စွမ်းအင် ထိမ်းချုပ်သော အစိတ်အပိုင်းများ မလဲလှယ်လျှင် လမ်းခရီး၌ စွမ်းအင် ပြတ်တောက် ပျက်စီးမှုများ ကြံုတွေ့နိုင်၍ ယခုကဲသို့ ပြင်ဆင်ရခြင်း ဖြစ်သည်ဟု ထပ်လောင်း ပြောကြား လိုက်သည်။

မနက်ဖန် လွှတ်တင်မည့် ဒစ္စကာဗါရီ အာကာသ ယာဉ်တွင် အာကာသ ယာဉ်မှူး ရဦး ပါဝင်ကာ နိုင်ငံတကာ အာကာသ စခမ်းအတွက် ထောက်ပံ့ရေး ပစ္စည်း ပေါင် တသောင်း ခုနှစ်ထောင် ကျော် အလေးချိန်အား သယ်ဆောင်သွားမည် ဖြစ်ကာ၊  ခရီးစဉ် ၁၃ ရက် အတွင်း အာကာသအတွင်း ယာဉ်မှူး ၃ဦး အပြင်ထွက် ပြုပြင် ထိမ်းသိမ်းမှူးများ ပြုလုပ်မည် ဖြစ်သည်ဟု နာဆာမှ ကြေညာ လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here