ဂျပန် နိုင်ငံရောက် ဗိုလ်ချုပ်ဋ္ဌေးဦးအား အတိုက်ခံများ ဟိုတယ်ရှေ့ ခွပ်ဒေါင်းအလံ ချိတ်ဆွဲ ရှုတ်ချကြပြီ

alt

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး၏ တရားဝင် ဖိတ်ကြားချက်ဖြင့် ဂျပန်၊ ထိုင်း၊ တရုတ် အရာရှိများနှင့် မြန်မာ့အရေး ဆွေးနွေး ဖွယ် ရှိသော လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးနှင့် ကြံ့ဖွတ် အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဋ္ဌေးဦး နှင့်

အဖွဲ့သည် ဂျပန်နိုင်ငံသို့ ကြာသာပတေး နေ့ က ရက်သတ္တပါတ် တပါတ်အကြာ ခရီးစဉ်ဖြင့် ရောက်ရှိလာသည်ဟု ဂျပန်နိုင်ငံထုတ် အဆာဟိ သတင်းစာအရ သိရှိရသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရမှ အကျယ်ချုပ် သက်တမ်း ထပ်မံ တိုးမြှင့်အပြီး ပြည်ပနိုင်ငံသို့ တရားဝင် ခရီးထွက်ခွာ လာသော အဆင့်မြင့် စစ်အစိုးရ ခေါင်းဆောင်များအား နားလည်ရ ခက်ခဲနေသော စစ်အစိုးရနှင့် အတိုက်ခံများ အကြား ပြဿနာများအား ယနေ့ နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် အဖြေရှာသွားမည် ဖြစ်သည်ဟု ဂျပန်-မြန်မာ နိုင်ငံရေး နှင့် ဆက်ဆံရေး ပြုလုပ်ပေးနေသော ဘားမားအင်ဖို မှ ယူကီ အာကီမိုတိုမှ ပြောကြားလိုက်သည်။

ယနေ့ နံနက် ၆နာရီ အစောပိုင်းက ဗိုလ်ချုပ်ဋ္ဌေးဦး တည်းခိုနေသော နယူးအိုတာနီ ဟော်တယ်ရှေ့တွင် လွှင့်ထူထားသော မြန်မာနိုင်ငံတော် အလံအား ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသော အတိုက်ခံများက ကျောင်းသား တပ်မတော် ခွပ်ဒေါင်း အလံတော် နှင့် လဲလှယ် တပ်ဆင် လိုက်သည်ဟု သိရှိရသည်။

ထိုဖြစ်ရပ်အား ယခုတိုင် ဟိုတယ် ဝန်ထမ်းများကပါ သတိမမူမိကြပဲ အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့သည်ဟု ဂျပန်ရောက် အတိုက်ခံများက အွန်လိုင်း ဂရုမေးလ်များမှ ကြေညာခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here