စေ့စပ်ကြောင်းလမ်း သတင်းအား ပဲရစ် ဟီလ်တန် ငြင်းဆို

alt

ဒေါက်ရိန်းဟတ် နှင့် စေ့စပ်ထားပြီ ဆိုသော ဟောလီးဝုဒ် အသိုင်းအဝိုင်းတွင် ပြန့်နှံ့နေသော သတင်းများကို ပဲရစ် ဟီလ်တန် က တရားဝင် ငြင်းဆန် လိုက်သည်။

လမ်းခွဲခဲ့ပြီးမှ ပြန်လည် သင့်မြတ်နေသည့် ဟီတန်တို့ စုံတွဲသည် ဖီဂျီကျွန်းတွင် အပမ်းဖြေခရီး အတူ ထွက်ခဲ့ပြီးနောက် တိတ်တဆိတ် စေ့စပ်ပြီး ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ရာ ဟီလ်တန်က ပယ်ချခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် သူမ နှင့် ရိန်းဟတ်တို့ အဆင်ပြေ နေသော်လည်း စေ့စပ်ရန် အစီအစဉ် မရှိသေးကြောင်း ဟီလ်တန် က ဆိုသည်။ ရိန်းဟတ် က ဟီလ်တန်အား အလွန် အဖိုးထိုက်တန်သည့် လည်ဆွဲတခု လက်ဆောင် ပေးပြီးနောက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အမည် မဖေါ်လိုသော ဟီလ်တန်နှင့် ရင်းနှီးသော သူတဦးမှ ဆိုသည်။

ဟီလ်တန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဟီလ်တန်သည် ရိန်းဟတ် နှင့် အတူ နေရခြင်းကို ပျော်ရွှင် နေသော်လည်း အိမ်ထောင်ရေးဖြင့် နှောင်ဖွဲ့လာမှုကို မုန်းတီးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

ဟီလ်တန်သည် ရိန်းဟတ်နှင့် ခေတ္တမျှ လမ်းခွဲ ခဲ့စဉ်အတွင်း ကမာ္ဘကျော် ဘောလုံးသမား ခရစ်စတီယာနို ရော်နာဒို နှင့် ဇာတ်လမ်း ရှုပ်ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here