ရော်နာဒို အတွက် မက်ဆီ ဖြင့်သာ အစားထိုးနိုင်ဟု လမ်းပတ် ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် သည် ခရစ်စတီယာနို ရော်နာဒို ၏ နေရာတွင် အမှန်တကယ် အစားထိုးနိုင်ရန် လီယွန်နယ် မက်ဆီ အား အရ ခေါ်မှသာ ဖြစ်နိုင် လိမ့်မည်ဟု ချဲလ်ဆီး

ကွင်းလယ်လူ ဖရန့်လမ်းပတ် က လှောင်ပြောင် ပြောကြား လိုက်သည်။

အင်္ဂလန် လက်ရွေးစင် တစ်ဦးလည်း ဖြစ်သည့် လမ်းပတ်က ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်၏ ရော်နာဒို နေရာအတွက် စိတ်မပူပါ ဆိုသည့် ပြောစကားနှင့် ပတ်သက်ပြီး လမ်းပတ်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယူနိုက်တက် သည် အန်တိုနီယို ဗလန်စီယာနှင့် မိုက်ကယ်အိုဝင် တို့ကို ၀ယ်ယူ ပြီးရုံဖြင့် ရော်နာဒို နေရာအတွက် အပြည့်အဝ အစားထိုး နိုင်ပြီ  ဆိုသည်မှာ မည်သို့မျှ မဖြစ် နိုင်ကြောင်း၊ ရော်နာဒို၏ နေရာအတွက် အမှန်တကယ် သင့်တော်သည့် ဘောလုံးသမားမှာ ကမာ္ဘပေါ်တွင် ဘာစီလိုနာ၏ တိုက်စစ် သူရဲကောင်း မက်ဆီ တဦးတည်းသာ ရှိနေကြောင်း လမ်းပတ်က သုံးသပ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လက်ရှိ လူအင်အားနှင့် ယူနိုက်တက်သည် အလွန် ရုန်းကန်ရမည်ဟု လမ်းပတ်က ခန့်မှန်းခဲ့သည်။

ယူနိုက်တက်သည် ကစားသမားကောင်း အမြောက်အမြားကို ဆုံးရှုံး ထားသော်လည်း မိမိတို့ ချဲလ်ဆီး အသင်းမှာ ဆက်လက် တောင့်တင်းနေသဖြင့် ယခုနှစ် ချန်ပီယံဘွဲ့ အတွက် ချဲလ်ဆီးက အလားအလာ ပိုကောင်းကြောင်း လမ်းပတ်က ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here