Teen Choice မှာ ကဲခဲ့တဲ့ မိုင်လီဆိုင်းရပ် အား ဖခင်က ကာကွယ်ပြောကြား

alt

Teen Choice ဆုပေးပွဲတွင် Pole Dance ကခဲ့သည့် သမီးဖြစ်သူ မီလီဆိုင်းရပ် အား ဖခင်က ကာကွယ် ပြောကြား လိုက်သည်။

ကျေးလက် ဂီတအဆိုတော် ဘီလီရေး ဆိုင်းရပ်က ၎င်း၏သမီးကို ဝေဖန် နေမှုများမှာ အဓိပ္ပါယ် မရှိကြောင်း၊ မီလီသည် ဖျော်ဖြေရေး ရည်ရွယ်ချက် ဖြင့်သာ Pole Dance ကခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း အသက် (၁၆)နှစ်သာ ရှိသေးသည့် အဆိုတော်၊ မင်းသမီးလေး၏ ဖျော်ဖြေမှု အတွက် ပြစ်တင် စကားများ ပေါ်ထွက်လာခဲ့ရာ ဘီလီက မကျေမနပ် ဖြစ်နေကြောင်း သိရှိရသည်။ မီလီသည် သူမအား ချစ်ခင် မြတ်နိုးသည့် ပရိသတ်များ ပျော်ရွှင်စေရန် ဖျော်ဖြေခြင်းသာ ဖြစ်ပြီး ထိုကိစ္စကို ပုံကြီး ချဲ့နေခြင်းမှာ မဖြစ်သင့်ကြောင်း ဘီလီက ဆိုသည်။

ပရိသတ်အား ချစ်ခင် လေးစားရန်၊ ပရိသတ်၏ အကြိုက်ကို သိတတ်ရန် မိမိ ကိုယ်တိုင် မီလီအား အမြဲ အကြံပေးလေ့ရှိပြီး ယခုကဲ့သို့ သမီးဖြစ်သူက ဖျော်ဖြေသည့် အတွက်လည်း အပြစ် မမြင်ကြောင်း ဘီလီက ပြောကြားခဲ့သည်။

ဘီလီက US မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သမီးဖြစ်သူ Pole Dance ကခြင်းကို မိမိ ကြိုက်မကြိုက် ဆိုသည်ထက် ပရိသတ်များ သဘောကျ မကျဆိုသည် ကသာ ပိုအရေးကြီးကြောင်း သုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here