ဂျုဗင်းတပ် ခံစစ်မှူးအား ဘာစီလိုနာ အသင်း စိတ်ဝင်စား

alt

ဘာစီလိုနား အသင်းသည် ဂျူဗင်းတပ် အသင်းမှ ခံစစ်မှူး ဇီဒါနက် ဂရိုင်ဂျီရာ အား စိတ်ဝင်စားလျှက် ရှိကြောင်း သိရှိရသည်။

အသက် (၂၉)နှစ် ရှိပြီဖြစ်သော ချက်လက်ရွေးစင် နောက်တန်း အစွန်လူ၏ ကစားဟန် အပေါ် ဘာစီလိုနား နည်းပြ ပက်ဂွာဒီယိုလာ က နှစ်ခြိုက်လျှက် ရှိပြီး ဘရာဇီး ညာနောက်ခံလူ ဒင်နီရယ်အဲဗက်စ် မကစားနိုင်ချိန် များတွင် ဂရိုင်ဂျီရာ အား အစားထိုးရန် ဆန္ဒရှိနေခဲ့သည်။

ဂရိုင်ဂျီရာ သည် ဂျူဗင်းတပ်သို့ (၂၀၀၇) ခုနှစ်က အလွတ် ပြောင်းရွှေ့ကြေးဖြင့် အေဂျက် အမ်စတာဒမ် မှ ပြောင်းရွှေ့ လာသူဖြစ်ပြီး (၅၅)ပွဲ အထိ ပါ၀င် ကစားပေးထားသူ ဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင် ဂျူဗင်းတပ် ခံစစ်ကြောင်းသို့ ဖေဘီယို ကင်နဗာရို နှင့် မာတင်ကဆာရက် တို့ ရောက်ရှိ လာပြီးနောက် ဂရိုင်ဂျီရာ၏ အခြေအနေမှာ မှုန်ဝါး လာခဲ့ရသည်။

ဘာစီလိုနား သည် ယခုနှစ် အပြောင်းအရွှေ့ ဈေးကွက်တွင် အီတလီ ကလပ်များမှ ခံစစ်မှူးများကို အာရုံကျလျှက် ရှိပြီး အင်တာမီလန် မှ ဘရာဇီး လက်ရွေးစင် ဘယ်နောက်ခံလူ မက်စ်ဝဲလ် ကို ခေါ်ယူထားသလို ရိုးမားမှ ဘရာဇီး ညာတောင်ပံ ခံစစ်မှူး စီဆင်ဟို ကိုလည်း စုံစမ်းမှုများ ပြုလုပ်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here