လျှင်မြန်စွာ သေစေနိုင်သော West Nile ငှက်ဖျားရောဂါပိုး အမေရိကား၌ တွေ့ရှိ

alt

ကူးစက် ရောဂါပိုးများ အလွန် လွယ်ကူစွာ သယ်ယူလေ့ ရှိသော West Nile ငှက်ဖျား ဗိုင်းရပ်ပိုးရှိ ခြင်များအား ဩဂုတ်လ ၁၈ရက် နေ့က အမေရိကန် နိုင်ငံ အရှေ့ဖျားပိုင်းရှိ ဝေါလ်သန်မြို့တွင် တွေ့ရှိ ခဲ့ရကြောင်း

အမေရိကန် ကျန်းမာရေး ဋ္ဌာနက ထုတ်ဖေါ် ပြောကြား လိုက်သည်။

ပြည်နယ် ကျန်းမာရေးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျနီဖါ မန်းလေးက ဩဂုတ်လ ၂၁ရက်နေ့က အတည်ပြု ပြောကြားရာတွင် လူကို သေစေနိုင်သော ဝက်(စ်)နိုင်းလ် ဗိုင်းရပ်(စ်) သယ်ဆောင် လာသော ခြင်များကို ဝက်(စ်)ဘရောက်၊ ဝက်(စ်)ဖို့ဒ်၊ ဘော်စတွန် နှင့် ဝေါလ်သန် အရပ်တို့ တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မန်းလေး၏ ပြောကြားချက်အရ ထိုခြင်များသည် EEE ဟု လူသိများကာ အချိန်တို အတွင်း ဦးနှောက်အား ဗိုင်းရပ်(စ်)ပိုးမှာ အထူးပြု တိုက်ခိုက် တတ်သော Eastern Equine Encephalitis ရောဂါပိုးများ သယ်ဆောင် လာကြပြီး အီစတန်၊ ဖရီးတောင်း နှင့် နယူးဘက်ဖို့ဒ် ကွန်မြူနတီ ၃ခုအတွင်း ယခုနှစ်များအတွင်း စစ်ဆေး တွေ့ရှိရသည်ဟု ကြေညာလိုက်သည်။

ယခု ဝက်(စ်)နိုင်းလ် ငှက်ဖျားရောဂါပိုး စွဲကပ်နေသော လူနာ ၁၆ဦးအား ၅နှစ် အတွင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားလိုက်သည်။ ယခု ငှက်ဖျား ရောဂါပိုးမှာ အသက်အရွယ် မရွေး ကူးစက်လွယ်ကူပြီး၊ အသက် ၅၀ အထက်တွင် လျှင်မြန်စွာ ကူးစက် ဖြစ်ပွားလွယ်သည်ဟု သိရှိရသည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၆ အထိ အမေရိကန်နိုင်ငံတွင် ဤရောဂါ ဖြစ်ပွားသူ ၁၃ဦး ရှိခဲ့ပြီး ၆ဦး သေဆုံးခဲ့ကြရသည် ၊ ၂၀၀၈ ခုနှစ်တွင် ၁ဦးသာ လျော့ချနိုင်ခဲ့ရာမှ ယခုကဲ့သို့ အလန့်တကြား တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဗဟို ကျန်းမာရေးဋ္ဌာနကပါ ထောက်ပြ ကြေညာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here