ဟောလီးဝုဒ် စတား စကားလက် ဂျိုဟန်ဆန် ရိုက်ကွင်းတွင် ဒဏ်ရာရ

alt

စကားလက် ဂျိုဟန်ဆန် တယောက် ရိုက်ကွင်းတွင် ဒဏ်ရာ ရရှိသွားကြောင်း ဟောလီးဝုဒ် သတင်းရပ်ကွက်များမှ သိရှိရသည်။

အသက် (၂၄)နှစ်ရှိ မင်းသမီးသည် Iron Man (၂) ဇာတ်ကားကို ရိုက်ကူးနေစဉ် ယခုကဲ့သို့ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်ရေး အခန်းတခု ရိုက်ကူးစဉ် မင်းသမီး၏ လည်ပင်းတွင် မတော်တဆ ဒဏ်ရာတခု ရရှိခဲ့ကြောင်း ရိုက်ကွင်း တာဝန်ခံက အတည်ပြု ပြောဆိုခဲ့သည်။

သိပ္ပံ လူစွမ်းကောင်း ဇာတ်ကားအတွင်း ရုရှားသူလျှို Black Widow အဖြစ် သရုပ်ဆောင် ထားသည့် မင်းသမီးက သူမ၏ ဒဏ်ရာမှာ အနည်း အကျဉ်းသာ ဖြစ်ကြောင်း၊ သူမသည် အကောင်းဆုံး စတန့်သမား များနှင့် လက်တွဲပြီး ရိုက်ကူး နေရသည့် အတွေ့အကြံုကို သဘောကျ ပျော်ရွှင် နေမိကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ယခု ရိုက်ကွင်းတွင် လှုပ်ရှား တိုက်ခိုက်နေရသည့် အခန်းများ ပါ၀င်ပြီး ထိုသို့ တိုက်ခိုက် နေရသည်ကို နှစ်သက်မိကြောင်း စကားလက် က ဆိုသည်။ သူမသည် ထိုကဲ့သို့ ယခင်က သရုပ်မဆောင် ဖူးကြောင်း၊ ထို့ကြောင့်လည်း ယခုလို မတော်တဆ ဒဏ်ရာရခြင်း ဖြစ်နိုင်ကြောင်း၊ မည်သို့ပင် ဖြစ်စေ ထိုကဲ့သို့သော အတွေ့အကြံုကို သဘောကျသဖြင့် လူစားထိုးရန် စိတ်မကူးကြောင်း စကားလက်က ပြောကြားခဲ့သည်။

Iron Man -၂ ဇာတ်ကားတွင် စကားလက်နှင့် အတူ ရောဘတ်ဒေါင်နီ ဂျူနီယာ၊ မိုက်ကယ်ရော်ကွေး နှင့် ဂွင်းနက်ပက်ထရို တို့ပါ သရုပ်ဆောင်ထားပြီး (၂၀၁၀)ခုနှစ်၊ မေလတွင် ရုံတင်ရန် စီစဉ်ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here