တာလီဘန်များ ပစ်ချခံရသည့် ရဟတ်ယာဉ်အား ဖျက်ဆီးပစ်ခဲ့ရ

alt

အာဖဂန် နစ္စတန်တွင် တာလီဘန် တပ်များ၏ ပစ်ချမှုကို ခံခဲ့ရသည့် Chinook အမျိုးအစား ရဟတ်ယာဉ်ကို ရဟတ်ယာဉ် အတွင်း လိုက်ပါလာသည့် တပ်ဖွဲ့များက ဖျက်ဆီးခဲ့ပစ် ရကြောင်း သိရှိရသည်။

ဩဂုတ်လ (၂၀)ရက် နေ့က ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှ တပ်ဖွဲ့သည် ရန်သူဘက်မှ ပစ်ခတ် လိုက်သည်ဟု ယူဆရသော အခြေအနေကြောင့် အင်ဂျင် မီးလောင်မှု တခုနှင့် ကြံုတွေ့ခဲ့ရပြီး မြေပြင်ပေါ်သို့ အရေးပေါ် ဆင်းသက် ခဲ့ရသည်။

အဖွဲ့ဝင် အချို့တို့သည် ဒဏ်ရာများ ရရှိခဲ့သော်လည်း အခြေစိုက် စခန်းသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိနိုင်ခဲ့ကြောင်း သိရှိရသည်။ Chinook များသည် ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များ ဖြစ်ပြီး အာဖဂန်တွင် တာဝန် ထမ်းဆောင်နေသည့် အရေအတွက် အနည်းငယ်အနက် တစင်းမှာ ပျက်ကျခဲ့ပြီ ဖြစ်သည်။

တပ်ဖွဲ့များ အနေနနှင့် ရဟတ်ယာဉ်ပျက်ကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဖောက်ခွဲပစ်ခဲ့ခြင်းဟု ဗြိတိန်စစ်ဘက် တာဝန်ရှိသူ တဦးက ဆိုသည်။ ဟယ်မန်ဒေသတွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှာ ရန်သူ၏ ပစ်ခတ်မှုကို ခံခဲ့ရသည်ဟု ယုံကြည် ရကြောင်း ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ၀န်ခံခဲ့သည်။

ကာကွယ်ရေး ၀န်ကြီးဌာနသည် အာဖဂန်ရောက် ဗြိတိန် စစ်သည်များကို ရဟတ်ယာဉ် အရေအတွက် လုံလုံလောက်လောက် ဖြည့်ဆည်းပေးခြင်း မရှိဆိုသည့် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့ Chinook တစင်း ထပ်မံ ဆုံးရှုံးသွားသည့် အတွက် ဗျာများ နေဖွယ်ရှိကြောင်း ဗြိတိန် သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here