စွမ်းဆောင်ရည် ကျဆင်း သွားမည်ကို ဒီဖိုး စိုးရိမ်နေ

alt

လက်ရှိ အချိန်တွင် အကောင်းဆုံး ခြေစွမ်းကြောင့် ချီးကျူး ခံနေရသည့်တိုင် နိမ့်ပါးသည့် အခြေအနေသို့ ရောက်ရှိ သွားမည်ကို စိုးရိမ်မိကြောင်း တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဂျာမိန်း ဒီဖိုး က ၀န်ခံခဲ့သည်။

၎င်းသည် ဟူးစီးတီး အား အနိုင်ရသည့် ပရီးမီးယား လိဂ် ပွဲစဉ်တွင် အသင်း အတွက် (၃)ဂိုး သွင်းခဲ့သလို မကြာသေးမီက (၂)ဂိုးစီ သရေကျခဲ့သည့် ဟော်လန် အသင်း နှင့် ခြေစမ်းသည့် ပွဲတွင် အင်္ဂလန် အတွက် (၂)ဂိုး သွင်းကာ အသင်း၏ ဂုဏ်သိက္ခာကို ကာကွယ် ပေးခဲ့သည့် အတွက် ပရိသတ်များက ချီးကျူးှလျှက် ရှိကြသည်။

သို့သော်လည်း အသက် (၂၈)နှစ် အရွယ် တိုက်စစ်မှူးက ၎င်း၏ အခြေအနေ ပြန်လည် ကျဆင်း သွားမည်ကို စိုးရိမ်ကြောင်း ၀န်ခံခဲ့လိုက်ပြီး၊ ထို့အပြင် ဩဂုတ်လ (၂၃)ရက် နေ့တွင် ယှဉ်ပြိုင်မည့် ၀က်စ်ဟမ်း ယူနိုက်တက် နှင့် ပွဲစဉ် တွင်လည်း တော့တင်ဟမ် အတွက် ပွဲထွက်ခွင့် ရမရ မသေချာ သေးကြောင်း ဒီဖိုးက ပြောကြားခဲ့သည်။

တော့တင်ဟမ် ကဲ့သို့ အသင်းမျိုးတွင် ကစားသမားကောင်း အမြောက်အမြား ရှိနေပြီး ပီတာခရော့၊ ရော်ဘီကင်း နှင့် ရိုမန်ပက် ဗလူချန်ကို တို့ကဲ့သို့ ထိပ်တန်း တိုက်စစ်မှူးများ ရှိနေသည့် အတွက် အမြဲတမ်း နေရာရရေးမှာ မလွယ်ကူကြောင်း ဒီဖိုး က ဆိုသည်။

သို့သော်လည်း ယခုရာသီတွင် အသင်းအောင်မြင်မှုများ ရရှိလာစေရန်မူ တတ်စွမ်းသ၍ အကောင်းဆုံး ပေးဆပ်သွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြု ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here