တရုတ် တက္ကသိုလ်မှ အသက် အကြီးဆုံး ကျောင်းသား အဘိုးအို

alt

“ပညာလို၊ အိုသည် မရှိ” ဆိုသော စကားသည် တရုတ် အမျိုးသားကြီး ဘိုလိုင်ဒေါင်း အတွက် သွေးထွက်အောင် မှန်သည်ဟု ဆိုနိုင်မည် ဖြစ်ချေသည်။

အသက် (၈၉)နှစ် ရှိနေပြီဖြစ်သော ဘိုသည် ယခု အချိန်ထိ တက္ကသိုလ်တွင် ပညာ သင်ကြားနေဆဲဟု သိရှိရသည်။ ရှန်ဒေါင်းဒေသ၊ ဂျီနန်တွင် နေထိုင်သူ အဖိုးအိုသည့် ရှန်ဒေါင်း တက္ကသိုလ်၏ အသက် အကြီးဆုံး ကျောင်းသားကြီး အဖြစ်လည်း မှတ်တမ်း ၀င်နေပြီ ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်တွင် ၎င်း ကျောင်းတက် နေသည်မှာလည်း (၂၄)နှစ် တိုင်တိုင် ရှိနေပြီဟု သိရှိရသည်။ ဘိုသည် (၁၉၈၅) ခုနှစ် ကတည်းက တက္ကသိုလ်တွင် ပညာ ဆည်းပူးနေခဲ့ပြီး ယခု အထိလည်း ဘွဲ့ရရန် ဇွဲမလျှော့ သေးသူဖြစ်သည်။

၎င်းသည် တရုတ်ရိုးရာ လက်ရေးအလှ ပညာအတွက် ကြိုးစားပမ်းစား သင်ယူနေဆဲ ဖြစ်သလို ဆရာ ဆရာမများ၏ ချီးကျူး ထောက်ခံမှု အတော်များများ ကိုလည်း ရရှိထားခဲ့သည်။

ဘိုကတော့ ကျောင်းပျော်ကြီး လုပ်လို့ ကောင်းတုန်းပါလို့ ၀န်ခံခဲ့ပါတယ်။ ထို့အပြင် ဘိုသည် ပညာရေးဌာန နှစ်(၃၀)ပြည့် အခမ်းအနားကို တက်ရောက် ဆင်နွှဲနိုင်ရန် တက္ကသိုလ်တွင် နောက်ထပ်(၅)နှစ် ဆက်နေရေး ရည်မှန်းချက် ထားရှိကြောင်း သတင်းထောက် များအား ရီရွှင်မောကာ ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here