ဂွာတာနာမို အကျဉ်းသား ခြောက်ဦးအား လွှတ်ပေးရန် စီစဉ်နေ

alt

အမေရိကန် အစိုးရသည် ဂွာတီနာမို အကျဉ်းထောင်တွင် ဖမ်းဆီးထားသော အကျဉ်းသား (၆)ဦးကို လွှတ်ပေးရန် စီစဉ်နေကြောင်း သိရှိရသည်။

ဩဂုတ်လ (၂၀)ရက် နေ့က အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ ဘားရက် အိုဘားမားက လွှတ်တော်သို့ ဩဂုတ်လ (၇)ရက်နေ့ ကတည်းက အဆိုပြုထားသည့် အကျဉ်းသား (၆)ဦး လွှတ်ပေးရေး တောင်းဆိုမှုမှာ အောင်မြင်ရန် နီးစပ်နေကြောင်း သတင်းများတွင် ပါရှိခဲ့သည်။

အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ အရာရှိ ရောဘတ်ဂိတ်က အကျဉ်းသားများ ပြန်လွှတ်ပေးရန် စီစဉ်ထားကြောင်း ပြောကြား သွားသည့်တိုင် အခြား အသေးစိတ် အချက်အလက် များကိုမူ ထုတ်ပြန် ခဲ့ခြင်းမရှိပေ။

သို့သော်လည်း အမေရိကန် သတင်းဌာနများက (၂၀၀၂) ခုနှစ်က အာဖဂန်နစ္စတန်တွင် အမေရိကန် စစ်တပ်များအား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခံရသူ မိုဟာမက်ဂျာဝပ်မှာ လွှတ်ပေးမည့် အကျဉ်းသားများ စာရင်းအတွင်း ပါ၀င်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အပြင် အခြား ဆီးရီးယားလူမျိုး အကျဉ်းသား (၂)ဦးကိုလည်း ပေါ်တူဂီ နှင့် ဘယ်ဂျီယမ် အစိုးရများက လွှဲပြောင်း လက်ခံဖွယ် ရှိကြောင်း သိရသည်။ အိုဘားမားသည် ၎င်း၏ သမတသက်တမ်း ပထမဆုံး အမိန့်အဖြစ် ကျူးဘား ပိုင်နက်တွင်းမှ ဂွာတာနာမို အကျဉ်းထောင်ကြီးကို ပိတ်ပစ်ရန် ကြေညာ ခဲ့သူဖြစ်သည်။

ဂွာတီနာမိုတွင် ကမာ္ဘပေါ်မှ ကြောက်စရာ အကောင်းဆုံး အကြမ်းဖက်သမား (၂၂၉)ဦး ကို ထိန်းသိမ်းထားဆဲဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here