ပေါက်ပေါက်ဆုပ် စားခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်

alt

ပေါက်ပေါက်ဆုပ် များများ စားခြင်း သည် ကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းကောင်း တခုဟု ပညာရှင် များက ပြောကြား လိုက်သည်။

လေ့လာသူ သုတေသီ များသည် ပေါက်ပေါက်ဆုပ် အတွင်း ကျန်းမာရေး ကို အထောက်အကူ ပြုသည့် antioxidant တမျိုး ဖြစ်သည့် Polyphenol များကို တွေ့ရှိခဲ့ကြောင်း အတည်ပြုပြီး ထို ဓာတ်ပေါင်းသည် ကင်ဆာကို ဟန့်တား နိုင်သည့် အစွမ်းသတ္တိ ရှိကြောင်း ဆက်စပ် နေပုံကို ရှင်းပြခဲ့ကြခြင်း ဖြစ်သည်။

ဓာတုဗေဒ ပညာရှင် ဒေါက်တာ ဗင်ဆင့် ဦးဆောင်သော အမေရိကန် ပညာရှင် အဖွဲ့သည် ပေါက်ပေါက်ဆုပ် အတွင်း Polyphenol ပမာဏ ထင်ထားသည် ထက် များပြားစွာ ပါ၀င်ကြောင်း တွေ့ရှိ ခဲ့ပြီးနောက် ပေါက်ပေါက်ဆုပ် များများ စားသင့်ကြောင်း တိုက်တွန်း ခဲ့ကြခြင်း ဖြစ်သည်။

ဒေါက်တာ ဗင်ဆင့်နှင့် အဖွဲ့သည် ပင်ဆယ်ဗေးနီးယား ပြည်နယ် ဆက်ခရန်တန် တက္ကသိုလ်မှ ဖြစ်ပြီး Polyphenol ကြွယ်ဝစွာ ပါ၀င်သော အစားအသောက် များကို စာရင်းပြုစု မှတ်တမ်း တင်ခဲ့ကြခြင်း ဖြစ်သည်။ Polyphenol သည် ကင်ဆာအပြင် အခြားသော ရောဂါများကိုလည်း ကာကွယ်နိုင်သဖြင့် ကျန်းမာရေး အတွက် အကျိုးထူးကြောင်း ဒေါက်တာဗင်ဆင့် က ရှင်းပြ ခဲ့သေးသည်။

Polyphenol များသည် နှံစား သီးနှံများတွင် ကြွယ်ဝစွာ ပါ၀င်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here