အသားစား အပင် မျိုးစိတ်သစ် တမျိုး ရှာဖွေတွေ့ရှိ

alt

ကြွက်နှင့် ရှဉ့်များကို ဖမ်းယူ စားသောက် တတ်သည့် အသားစား အပင် မျိုးစိတ်သစ် တမျိုးကို ပညာရှင် များက ရှာဖွေ တွေ့ရှိခဲ့ကြောင်း ထုတ်ဖေါ် ပြောဆို လိုက်သည်။

ထို အပင်သည် ၎င်းမှာ သားကောင်ကို အနီးကပ် လာအောင် ညှို့ ဆွဲဆောင် လေ့ရှိပြီး သားကောင်ကို ဖိညှပ် ဖမ်းဆီးကာ အားအင် ကုန်ခန်းသည် အထိ ဖမ်းဆီးထားပြီး သေဆုံး သွားလေ့ရှိကြောင်း စူးစမ်း လေ့လာသူ စတီးဝပ် မက်ဖာဆန်က ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဖိလစ်ပိုင် နိုင်ငံ၊ ဗစ်တိုးရီးယား တောင်အနီး လေ့လာရေး ပြုလုပ်နေစဉ် ယခု အပင်အား ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခု အပင်သည် Pitcher ခေါ် အသားစား မျိုးစိတ် အပင်တမျိုး ဖြစ်ပြီး အမြင့်မှာ (၄)ပေ အထက် အထိ ကြီးထွားနိုင်ကြောင်း စတီးဝပ်က ရှင်းပြခဲ့သည်။

Pitcher အပင် အတော်များများသည် အင်းဆက် များကိုသာ ဖမ်းယူ စားသောက်လေ့ ရှိသော်လည်း ယခု အပင်အပါ အဝင် မျိုးစိတ် အနည်းငယ် ကမူ အတော်အတန် ကြီးမားသော ကြွက်နှင့် ရှဉ့်များကို စားသောက်လေ့ ရှိကြောင်း စတီးဝပ် က ဆိုသည်။

၎င်း တွေ့ရှိခဲ့သည့် အပင်အား Nepenthes attenboroughii ဟု အမည် ပေးထားပြီး ထိုအမည်သည် နာမည်ကျော် စူးစမ်းလေ့လာရေး ပညာရှင် ဆာဒေးဗစ် အက်တန်ဘိုရို ကို ဂုဏ်ပြု မှည့်ခေါ်ထားခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here