လေးဇီးကလပ် တေးဂီတ နှင့် ပေါ်ပြူလာ အဆိုတော်များ ၏ အမေရိကား ဂီတရံပုံငွေ ပွဲများ

alt

အမေရိကန်နိုင်ငံ အတွင်း ရံပုံငွေ ဂီတ ဖျော်ဖြေပွဲများ ကျင်းပရန် မြန်မာနိုင်ငံမှ နာမည်ကျော် တေးဂီတအဖွဲ့ Lazy Club နှင့် အတူ နာမည်ကြီး အဆိုတော်များ ဖြစ်သော

ချစ်ကောင်း၊ Rဇာနည်၊ ဇော်ပိုင် နှင့် သဇင် တို့ကို ခေါ်ယူထားသည်ဟု MCG အဖွဲ့က ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ယခု ရှိုးပွဲအား မြန်မာနိုင်ငံ အတွင်း ပညာရေးအလှူ နှင့် ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  အလို့ငှါ အမေရိကန် နိုင်ငံအတွင်း ၂၀၀၅ ခုနှစ် ကတည်းက  ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် လူငယ်များမှ ဦးစီးတည်ထောင် ထားသည့် လူမှုရေး အဖွဲ့အစည်း ဖြစ်သည့် Myanmar Charity Group (MCG) မှ ကမကထ ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

လေးဇီးကလပ် အဖွဲသားများ နှင့် အဆိုတော်များမှာ ယခင် အပါတ်ထဲကပင် အမေရိကန် နိုင်ငံအား ရောက်ရှိ နေခဲ့ကြပြီး၊ ယနေ့ ကယ်လီဖိုးနီးယား ပြည်နယ် Long Beach မြို့ရှိ ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ် ၊ ရစ်ချတ် နှင့် ကာရင်း အနုပညာ ခမ်းမတွင် ယနေ့ ညနေ ၆နာရီမှ ည ၁၀နာရီ အထိ ရံပုံငွေ ရှာဖွေသော ကွန်ဆတ် စတိတ်ရှိုးပွဲ ကျင်းပမည် ဖြစ်သည်။

ယခု ပွဲဦးထွက် လောင်းဘိချ် ကွန်းဆတ်ပွဲ ပြီးလျှင် အမေရိကန် နိုင်ငံတဝှမ်း ဖျော်ဖြေပွဲ များအား ဆက်တိုက် ကျင်းပသွားမည် ဖြစ်ပြီး၊ အမေရိကန်နိုင်ငံ တနံတလျား အချိန်တို ရက်သတ္တပါတ် အနည်းငယ် အတွင်း စုစုပေါင်းမြို့ (၁၀) မြို့ခန့်တွင် တက်သုတ်ရိုက် ဖျော်ဖြေသွားမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here