ရှနိုက်ဒါအား ခေါ်ယူရန် ရီးရဲလ် နှင့် အင်တာမီလန်တို့ သဘောတူညီမှု ရ

alt

ရီးရဲလ် မက်ဒရစ် မှ နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ၀က်စလေ ရှနိုက်ဒါ အား ခေါ်ယူရန် အင်တာမီလန် တို့ အပြီးသတ် သဘော တူညီမှု ရရှိခဲ့ပြီ ဟူသော သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

ထို ကိစ္စအတွက် နှစ်ဖက်အသင်း တာဝန်ရှိသူ များက တစုံတရာ မကြေညာ သေးသော်လည်း နာမည် ကျော် အားကစား သတင်းဌာန Skysports က အီတလီ ချန်ပီယံ ကလပ် အသင်းသည် ရှနိုက်ဒါအား ယူရိုငွေ (၁၅)သန်းဖြင့် ခေါ်ယူရန် ရီးရဲလ်နှင့် အပြီးသတ် ညှိနှိုင်း နိုင်ခဲ့ကြောင်း ဖော်ပြသွားခဲ့ပြီ ဖြစ်သည်။

အင်တာနည်းပြ ဟိုဆေး မော်ရင်ညို သည် ကွင်းလယ် လူတဦး ရှာဖွေ နေကြောင်း အတည်ပြု ပြောဆိုထားပြီး ရှနိုက်ဒါ မှာလည်း အင်တာသို့ ပြောင်းကစားရန် စဉ်းစားနေကြောင်း ၀န်ခံ ခဲ့ဖူးသည်။

ယခု သဘောတူညီမှု အရ ရှနိုက်ဒါသည် ဩဂုတ်လ မကုန်မီ အင်တာနှင့် စာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း Skysports ကဆိုသည်။ ရှနိုက်ဒါအား ဂျာမန်ကလပ် ဒေါ့မွန်အသင်း နှင့် ခြေစမ်းပွဲတွင် ရီးရဲလ် လူစာရင်းမှ ဖယ်ထုတ် ထားပြီးနောက် အသက် (၂၅)နှစ် အရွယ် ကွင်းလယ်လူ ကိုယ်တိုင် ကလည်း ရီးရဲလ်တွင် ဆက်မနေလို တော့ကြောင်း ၀န်ခံခဲ့ဖူးသည်။

အင်တာမီလန် ကမူ ခြေစွမ်းကောင်းမွန်ပြီး ဘောလုံး ဦးနှောက်မြင့်မားသည့် ရှနိုက်ဒါအား အလွန် သဘောကျနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here