၁၉၈၈ခုနှစ် Pan Am လေယာဉ် လော့ခ်ကာဘီ ဗုံးဖောက်ခွဲမှု တရားခံ ပြန်လည် လွတ်မြောက်

alt

လော့ခ်ကာဘီ မြို့ပေါ်တွင် လေယာဉ်ကို ဖောက်ခွဲ ပစ်ခဲ့သည့် အကြမ်းဖက် သမား အား စကော့တလန် အကျဉ်း ထောင်က လွှတ်ပေး လိုက်ပြီးနောက် ယနေ့ ဇာတိမြေ လစ်ဗျားသို့ ပြန်ရောက် လာခဲ့ပြီဟု သိရှိရသည်။

၎င်းသည် (၁၉၈၈) ခုနှစ်က အမေရိကန် နိုင်ငံသား အများအပြား ပါ၀င်သည့် Pan Am လေကြောင်း ခရီးစဉ်ကို စကော့တလန် နိုင်ငံ၊ လော့ခ်ကာဘီ ဝေဟင်တွင် ဖောက်ခွဲခဲ့ရာ လူပေါင်း (၂၇၀)မျှ သေဆုံးခဲ့သည့် အတွက် (၂၀၀၁) ခုနှစ်က ထောင်ဒဏ်တသက် ချမှတ်ခြင်း ခံထားရသူ ဖြစ်သည်။

သို့သော်လည်း အသက် (၅၇)နှစ် အရွယ် အက်ဘဒယ် ဘားဆက် အလီ အယ်မီ ဂရာဟီ၏ ကျန်းမာရေး အခြေအနေ အလွန် ဆိုးရွားနေသဖြင့် ယခုလို ပြန်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း စကော့တလန် အစိုးရက ကြေညာ ခဲ့သည်။ သို့သော်လည်း အမေရိကန် သမတ ဘားရက် အိုဘားမား ကမူ ထိုလုပ်ရပ်သည် အလွန် အန္တရာယ် ကြီးသော ကိစ္စ ဖြစ်ကြောင်း ဝေဖန် ထောက်ပြ ပြောဆို သွားခဲ့သည်။

ဂရာဟီသည် ဩဂုတ်လ (၂၁)ရက် နေ့က လစ်ဗျားနိုင်ငံသို့ ပြန်ရောက်လာရာ လူငယ် အများအပြားက သူရဲကောင်း တဦးသဖွယ် လေဆိပ်တွင် စောင်ကြိုနေခဲ့ကြပြီး   လစ်ဗျားနိုင်ငံ ခေါင်းဆောင် ကဒါဖီ၏ သားဖြစ်သူ ကိုယ်တိုင် လေဆိပ်မှ လာခေါ်သွားသည်ကို သတင်းများတွင် ဖေါ်ပြခဲ့ကြသည်။

ဂရာဟီသည် မူလက ထောင်ဒဏ်တသက် ကျခံ ထားရသည့်တိုင် ဆီးကြိတ် ကင်ဆာ၏ အဆိုးရွားဆုံး အဆင့်ကို ခံစားနေရပြီး အသက်ရှင်ချိန် (၃)လ မျှသာ ကျန်တော့သည်ဟု ဆရာဝန်များက ခန့်မှန်းခဲ့ပြီး နောက် လွှတ်ပေးသင့်ကြောင်း စကော့တလန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here