ရေကာတာ ပေါက်ကွဲမှုမှာ ၎င်းတို့ လက်ချက်ဟု ချေချင် မွတ်ဆလင် သူပုန်များ ကြေညာ

alt

ရုရှားပိုင်နက် ဆိုက်ဘေးရီးယားမှ ရေကာတာ ပေါက်ကွဲမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ချေချင် သူပုန်များက ထုတ်ဖော် ကြေညာ လိုက်သည်။

ဩဂုတ်လ (၁၇)ရက် နေ့က Sayano-Shushenskaya ရေကာတာမှ ရေအား လျှပ်စစ်အတွက် တာဘိုင်တခု ပေါက်ကွဲ သွားပြီးနောက် လူ(၇၀)မျှ သေဆုံးသွားကြောင်း ယုံကြည် ရဖွယ်ရှိသည့် အခြေအနေ အတွက် မိမိတို့တွင် တာဝန်ရှိကြောင်း ရုရှား အစိုးရကို အတိုက်အခံ ပြုလုပ်နေသည့် မွတ်ဆလင် အစွန်းရောက် အဖွဲ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခု ဆောင်ရွက်မှုသည် အလ္လာရှင်မြတ် ၏ အောင်ပွဲလည်း ဖြစ်ကြောင်း၊ ဩဂုတ်လ (၁၇)ရက် နေ့က ရေကာတာ အား ဖောက်ခွဲ ခဲ့သည်မှာ မိမိတို့ပင် ဖြစ်ကြောင်း Martyrs’ Battalion ဟု မိမိကိုယ်ကိုယ် အမည်ပေးထားသည့် အကြမ်းဖက် အဖွဲ့က ဖွင့်ဟ ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။

ရေကာတာ ထိမ်းချုပ်သည့် စက်ခန်းထဲတွင် တင့်ကားဖျက် ဗုံးတလုံးကို ချိန်ကိုက် ထားရှိခဲ့ကြောင်း၊ ပေါက်ကွဲ ပျက်စီးမှုသည် မိမိတို့ မျှော်မှန်းသည်ထက် ပြင်းထန် သွားသည့် အတွက် အလွန်ပင် နှစ်ထောင်းအားရ ကျေနပ်မိကြောင်း www.kavkazcenter.com မှတဆင့် ပေးပို့ခဲ့သည့် စာထဲတွင် ထည့်သွင်း ရေးသားထားကြောင်း Reuters သတင်းဌာန၏ သတင်းများတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here