ဒုတိယမြောက် ရတနာ မျှော်လင့် ထားတဲ့ ဆလင်းဒီယွန်

alt

ဆလင်း ဒီယွန် သည် ဒုတိယ မြောက် သားသမီး ရတနာကို ပိုင်ဆိုင် တော့မည်ဟု ကနေဒါ နိုင်ငံထုတ် သတင်း များက ဟိုးလေးတကျော် ဖော်ပြ လိုက်သည်။

အသက် (၄၁)နှစ် အရွယ် အဆိုတော် သည် ခင်ပွန်းသည် ရေးနီ အိန်ဂျယ်လီ နှင့်အတူ နယူးယောက် မြို့ရှိ သန္ဓေဆိုင်ရာ အထူးကု ထံတွင် စစ်ဆေး ခဲ့ပြီးနောက် ကိုယ်ဝန် ရှိနေပြီဟု အတည်ပြု နိုင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ကနေဒါ နိုင်ငံမှ ပြင်သစ် ဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ဒီမွန်ထရယ် က ထိုသတင်းကို ဩဂုတ်လ (၁၈)ရက် နေ့တွင် ရေးသား ခဲ့သော်လည်း အသက် (၆၇)နှစ်ရှိ အိန်ဂျယ်လီရော၊ တိုင်တန်းနစ် ဇါတ်ဝင်သီချင်း ‘My Heart Will Go On’ အဆိုတော် ကပါ ပျော်စရာ သတင်းအတွက် မှတ်ချက် မပေးသေးချေ။

ဒီယွန်တို့ စုံတွဲသည် (၁၉၉၄)ခုနှစ် ကတည်းက လက်ထပ် ထားခြင်းဖြစ်ပြီး အသက်(၈)နှစ် အရွယ် သားငယ်လေး ရေးနီချာလီ ကို ဖွားမြင် ထားခဲ့ပြီး ဖြစ်သည်။ ဒီယွန်သည် ယခုနှစ် အစောပိုင်း ကတည်းက သူမတို့ လင်မယားသည် နောက်ထပ် ကလေးရအောင် ကြိုးပမ်းလျှက် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

ထိုစဉ်က အော်ပရာ ၀င်းဖရေး နှင့် အင်တာဗျူး အစီအစဉ် အတွင်း နောက်ထပ် ကလေးရအောင် တတ်နိုင်သမျှ ကြိုးပမ်းနေကြောင်း ဒီယွန်က ပြောကြား သွားခဲ့ဖူးသည်။ ဒီယွန်၏ ခင်ပွန်းသည် အိန်ဂျယ်လီသည် ယခင် အိမ်ထောင်နှင့် သားသမီး(၃)ဦး ထွန်းကားခဲ့ကြောင်းလည်း ကနေဒါမှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here