မြောက်ကိုရီးယား မစ်ရှင်အတွက် ခင်းပွန်သည်အား ဟီလာရီ ကလင်တန် ချီးကျူး

alt

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သမတ ဘာရက် အိုဘားမား သည် မြောက်ကိုရီးယားတွင် ဆောင်ရွက်ခဲ့သော အခြေအနေ များအတွက် သူမ၏ ခင်ပွန်းအား အလွန် ကျေးဇူးတင်ရှိ မိနေကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

သမတ ဟောင်း တဦးလည်း ဖြစ်သည့် ဘီလ် ကလင်တန် သည် မြောက်ကိုရီးယားက ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက် အမျိုးသမီး (၂)ဦးအား ညှိနှိုင်း ကယ်တင် နိုင်ခဲ့သည့် အပြင် မြောက်ကိုရီးယား နှင့် အမေရိကန် တို့၏ ဆက်ဆံရေး အတွက် တံခါးသစ် တချပ် ဖွင့်ပေး နိုင်ခဲ့သူဟု ဟီလာရီက ခင်ပွန်းသည်အား ချီးကျူးလိုက်သည်။

သို့သော်လည်း မြောက်ကိုရီးယားနှင့် ပတ်သက်သော သမတ အိုဘားမား၏ မူဝါဒကိုမူ ပြောင်းလဲရန် အစီအစဉ် မရှိကြောင်း ဟီလာရီက အတည်ပြု ပြောကြားလိုက်ပြီး၊  မြောက်ကိုရီးယားသည် အနုမြူ လက်နက်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ငြင်းဆို ထားသည့်နောက် အမေရိကန်၏ ဖိအားပေး ပိတ်ဆို့မှု များနှင့် ရင်ဆိုင် နေရသည့် နိုင်ငံ ဖြစ်သည်။

ဟီလာရီ ကဲ့သို့ပင် အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ရောဘတ်ဂစ်ဘ် ကလည်း ကလင်တန်၏ စွမ်းဆောင်မှု အတွက် အိုဘားမားက အလွန် ကျေးဇူးတင်နေကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

ဂစ်ဘ်က သတင်းထောက် အမျိုးသမီး (၂)ဦးသည် အလွန်ဆိုးရွားသော အခြေအနေတွင် နစ်မြုပ်နေရာမှ မိသားစုနှင့် ရင်းနှီး နွေးထွေးစွာ ပြန်ဆုံ တွေ့ခွင့်ရအောင် ကလင်တန်က စွမ်းစွမ်းတမံ ကြိုးပမ်းပေးခဲ့သည့် အတွက် အမေရိကန်၏ လက်ရှိ အစိုးရအဖွဲ့မှ အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here