အိုးအိမ်သစ် ထူထောင်မှု ခေတ္တ ရပ်ဆိုင်းထားမည်ဟု အစ္စရေး ပြောကြား

alt

အနောက်ဘက် ကမ်းခြေ ဒေသတွင် အစ္စရေးတို့ အိုးအိမ်သစ်များ အခြေချ ထူထောင် နေမှုကို ခေတ္တ ဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း အစ္စရေး အစိုးရက ကြေညာ လိုက်သည်။

အမေရိကန်၏ အရေးပါသော ၀န်ကြီးတဦး နှင့် ၀န်ကြီးချုပ် ဘန်ဂျမင် နာတန် ယာဟူတို့ ညှိနှိုင်းမှုများ ပြုလုပ်ပြီး နောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဆက်ဆံရေး အေးခဲသွားမည်ကို မလိုလားကြောင်း အစ္စရေး အစိုးရက ကြေညာသည်။

အမေရိကန် သမတ ဘာရက် အိုဘားမား ကလည်း အစ္စရေးတို့၏ လုပ်ရပ်အပေါ် ကြိုဆိုခဲ့ပြီး အလိုအပ်ဆုံး အချိန်တွင် အကောင်းဆုံး ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်ဟု ချီးကျူး ပြောဆိုသွားသည်။ အစ္စရေးတို့ ပါလက်စတိုင်း မြေပေါ်တွင် လူနေအိမ်များ တိုးချဲ့ ဆောက်လုပ်လာမှုအား ကန့်ကွက်ရန် အီဂျစ်သမတ ဟော့စနီ မူဘာရက် ကိုယ်တိုင် အမေရိကန်သို့ သွားရောက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း ရလဒ်ဖြစ်သည်။

အစ္စရေးက အမေရိကန်နှင့် ဆက်ဆံရေး ထိခိုက်မှု လုံးဝမရှိကြောင်း ကြေညာထားသော်လည်း ကမာ္ဘ့အရေး လေ့လာသူများက သမတ အိုဘားမား လက်ထက် အမေရိကန်၏ အစ္စရေးအပေါ် ထားရှိသည့် သဘောထားသည် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း သုံးသပ်လျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here