ရီးရဲလ် ကစားသမား ဆယ်ဂါဒို အင်္ဂလန်မြေကို ပြောင်းရွှေ့လာ

alt

ရီးရဲလ် မက်ဒရစ်၏ သက်တော်ရှည် ကစားသမားကြီး မိုက်ကယ် ဆယ်ဂါဒို သည် ၎င်း၏ ကြေးစား ဘောလုံးသမား ဘဝ ပထမဆုံး အင်္ဂလန် စွန့်စားခန်း အဖြစ် ဘလက်ဘန်း ရိုဗာကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။

အသက်(၃၃) နှစ်ရှိ စပိန် လက်ရွေးစင်ဟောင်း ညာတောင်ပံ ခံစစ်မှူးကြီး သည် ဩဂုတ်လ (၁၉)ရက် နေ့တွင် ဘလက်ဘန်း နှင့် အပြီးသတ် စာချုပ်မည် ဖြစ်သည်။

ရီးရဲလ်သည် ဆယ်ဂါဒိုအား ဆယ်တာဗီဂိုမှ ယူရို (၁၁)သန်း နှင့် ၀ယ်ယူ ခဲ့ပြီးနောက် (၁၀)နှစ် အတွင်း (၂၅၃)ပွဲ အထိ ကစားပေး ခဲ့သူဖြစ်သည်။ ဆယ်ဂါဒို၏ အေးဂျင့်ဖြစ်သူ ဂင်နီးကာဗာဂျယ် က အင်္ဂလန်ကလပ် နှင့် အသေးစိတ် အချက်အလက်များ ညှိနှိုင်းရုံသာ ကျန်ရှိတော့ကြောင်း ပြောဆိုလိုက်ပြီ ဖြစ်သည်။

ဆယ်ဂါဒို သည် စပိန်အတွက် (၅၃)ပွဲ ကစားပေးခဲ့သည့် အတွေ့အကြံုရင့် နောက်တန်းသမား တဦးဖြစ်ပြီး ၎င်းကို ရီးရဲလ် ဇာရာဂိုဇာ ကလည်း ကမ်းလှမ်း ခဲ့သေးသည်။ ဆယ်ဂါဒိုက ရီးရဲလ်နှင့် စာချုပ် ဖျက်သိမ်းပြီးနောက် ဘောလုံးလောကမှ အနားယူရန် စဉ်းစား ခဲ့သေးသော်လည်း ပရီးမီးယား လိဂ်တွင် အတွေ့ အကြံုသစ် ရှာလိုသောကြောင့် ဘလက်ဘန်း၏ ကမ်းလှမ်းမှုကို လက်ခံ လိုက်ခြင်းဟု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here