တုပ်ကွေး ကာကွယ်ဆေး အတွက် ကမာ္ဘ့ဘဏ်မှ မက္ကစီကို ငွေချေးရန်ကြိုးပမ်း

alt

မက္ကစီကို အစိုးရသည် နိုင်ငံအတွင်း တုပ်ကွေး ကာကွယ်ဆေးများ ဖြန့်ချီရေး စီမံကိန်းကို အကောင်အထည် ဖော်ရန် ကမာ္ဘ့ဘဏ်မှ ဒေါ်လာသန်း (၄၀၀) ချေးယူ ရရှိရေး ကြိုးပမ်းလျှက် ရှိကြောင်း သိရှိရသည်။

ကျန်းမာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ၎င်းတို့၏ ငွေချေးယူရေး စီမံကိန်းကို ဩဂုတ်လ (၁၉)ရက် နေ့က အတည်ပြု ကြေညာလိုက်ပြီး ချေးငွေ ရရှိပါက နိုင်ငံတော် မဟာဗျူဟာမြောက် ဆေးဝါးကွပ်ကဲရေး ဌာနအတွက် ဆေးဝါးများ ၀ယ်ယူ ဖြည့်တင်း ပေးသွားမည်ဟု ပြောကြားခဲ့သည်။

မက္ကစီကို နိုင်ငံသည် A/H1N1 တုပ်ကွေး စတင် ပေါ်ပေါက်ရာ ဒေသလည်း ဖြစ်ပြီး ထို တုပ်ကွေးသည် ကမာ္ဘ့ကပ် ရောဂါအသွင် ကူးပြောင်းသွားကာ လူ(၂)သိန်း ကျော်ကို ကူးစက်စေခဲ့ပြီး အနည်းဆုံး လူ(၁၈၀၀)အား သေဆုံးစေခဲ့ကြောင်း ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

မက္ကစီကို နိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနက ၎င်းတို့ အဆိုပြုထားသည့် ချေးငွေကို ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ကမာ္ဘ့ဘဏ် ကမူ တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ ဇူလိုင်လ နှောင်းပိုင်းတွင် တောင်အမေရိက နိုင်ငံများတွင် ဆောင်းရာသီ ရောက်ရှိလာသဖြင့် တုပ်ကွေး ပြန့်နှံ့မှုသည် ပိုမို မြန်ဆန်လာဖွယ် ရှိကြောင်း ကျန်းမာရေး ပညာရှင်များက ခန့်မှန်း ပြောကြား လိုက်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here