ဒေါ်အောင်ဆန်းစု ထံသို့ ထပ်မံ သွားရောက်ဦးမည်ဟု ယက်ထော ပြောကြားပြန်

alt

ဂျွန်ဝီလျံ ယက်ထောက ၎င်းသည် အခါအခွင့် သင့်ပါက နောက်တကြိမ် ဒေါ်အောင်ဆန်းစုကြည် ဆီ ပြန်သွား ဦးမည်ဟု ပြောကြား လိုက်သည်။

အမေရိကန် လွှတ်တော်အမတ် ဂျင်ဝက်ဘ်၏ အကူအညီဖြင့် အမေရိကန်သို့ ပြန်လည် ရောက်ရှိလာသည့် ယက်ထောက ၎င်းသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ကယ်တင်ရေး အတွက် အကြိမ်ပေါင်း ရာနှင့်ချီ ကြိုးပမ်းရန် အဆင်သင့်ရှိကြောင်း ပြောဆိုလိုက်သည်။

သို့ပါသော်လည်း ၎င်း၏ ကယ်တင်ရန် ကြိုးစားမှု စီမံကိန်း သည်ပင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ် အကျယ်ချုပ် အပြစ်ဒဏ် (၁၈)လမျှ ထပ်မံတိုးမြှင့် ကျခံရရန် ဖြစ်သွား စေခဲ့သည်။ ထို့အပြင် ယက်ထောက ဒေါ်အောင်ဆန်းစုကြည် သည် တစုံတယောက်က လုပ်ကြံမည့် အခြေအနေ အတွက် စိုးရိမ် နေရကြောင်း၊ ထို့ကြောင့် ၎င်းက ကယ်တင်ရန် ထပ်ကြိုးစားမည် ဖြစ်ကြောင်း ကြံုးဝါးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ စစ်အစိုးရက မတရား ချုပ်နှောင် ထားခြင်းသည် ၎င်းအတွက် အသည်းနာ စေကြောင်း ယက်ထော က ဆိုသည်။ အသက် (၅၃)နှစ်ရှိ ယက်ထောက မေလ အတွင်း ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ အင်းယားကန်ကို ရေကူး ဖြတ်သန်းကာ သွားရောက် ရခြင်းသည် လုပ်ကြံမှုများ ကြံုလာနိုင်သည်ဟု သွားရောက် သတိပေးရန် ဖြစ်ကြောင်း ယက်ထောက ယခုလို ဋ္ဌာနေ မီဒီယာများသို့ ရှင်းပြခဲ့သည်။

ထို့ကြောင့် နောက်တကြိမ် မြန်မာနိုင်ငံသို့ အရောက်သွားပြီး နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ကို ကယ်တင်ဦးမည်ဟု ချီကာဂိုမြို့၊ အိုဟာရာ လေဆိပ်သို့ ဆိုက်ရောက် လာပြီးချိန်တွင် ယက်ထောက သတင်းထောက် များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၎င်းအား မြန်မာ အစိုးရက ထောင်ဒါဏ်(၇)နှစ် ချမှတ် ခဲ့သော်လည်း အမေရိကန်၏ ဖိအားပေးမှုကြောင့် ပြန်လွတ်လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here