ဂျနီဖာလိုပက်(စ်) အမှောင်ကို အလွန်ကြောက်

alt

ဂျနီဖာလိုပက်(စ်) သည် အမှောင်ကို အလွန်ကြောက်သူ ဖြစ်ကြောင်း မီဒိယာသို့ ဖွင့်ဟ ပြောကြားလိုက်ကြောင်း သိရှိရသည်။

 

လက်တင်သီချင်း နှင့် ပေါ့(ပ်) အဆိုတော်သည် ညအိပ်ချိန်တွင် အမှောင်ထဲ မအိပ်ရဲသဖြင့် သူမ၏ ခင်ပွန်းသည် မတ်အန်တိုနီက ဂျနီဖာ မအိပ်ပျော်ခင် စောင့်နေပေးရပြီး သူမ အိပ်ပျော်မှ မီးပိတ်ခွင့် ရကြောင်း။ အသက်(၄၀) အရွယ် အဆိုတော်၊ မင်းသမီးက သူမ၏ အမှောင်ကြောက်သော စိတ်ကို ၀န်ခံခဲ့ပြီး သူမသည် တိတ်ဆိတ် ငြိမ်သက်မှုကို နှစ်သက်သော်လည်း မှောင်မည်းနေခြင်း ကိုမူ ရွံမုန်းကြောင်း ပြောကြားလိုက်သည်။

သူမ၏ အမှောင် ကြောက်စိတ်ကြောင့် တခါတရံ မီးမပိတ်ဘဲ အိပ်တတ်သလို တခါတရံ တွင်မူ ခင်ပွန်းသည် အန်တိုနီက မီးမှိတ်ပေးရကြောင်း ဂျနီဖာက ပြောပြလိုက်ပြီး၊ ဂျနီဖာသည် သူမ၏ ခင်ပွန်းသည် အန်တိုနီနှင့် ပတ်သက်ပြီးလည်း အောင်မြင်သော အိမ်ထောင်ရေးကို ထူထောင်နိုင်သူ အဖြစ် ချီးကျူး ပြောဆိုလိုက် ပြန်သည်။

သူမသည် အိမ်ထောင်ရေး အောင်မြင်မှု အတွက် အကြံပြု ရေးသားထားသည့် စာအုပ်များကို ဖတ်လေ့ရှိသလို အန်တိုနီ ကိုယ်တိုင် ကလည်း အိမ်ထောင်မှု တာဝန် ကျေပြွန်သည့် လက်တွဲဖော် ဖြစ်ကြောင်း ဂျင်နီဖာက ဆိုသည်။

ဂျနီဖာသည် အမြွှာကလေးငယ် (၂)ဦးကို ဖွားမြင်ပြီးနောက် ရုပ်ရှင် အရိုက်ကြဲနေသည့် ကိစ္စနှင့် ပတ်သက်ပြီး ဂီတဘက်တွင် ပိုမို အချိန်ပေးနေသောကြောင့် ဖြစ်ကြောင်း  ရှင်းပြ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here