အာဖဂန်နစ္စတန် တွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ

alt

အာဖဂန် နစ္စတန်နိုင်ငံ ရွေးကောက်ပွဲများ ကျင်းပရန် (၁)ရက် အလိုတွင် ကဘူးမြို့တော် အခြေအနေမှာ အလွန် စိုးရိမ်ရသည့် အနေအထားမျိုး ရောက်ရှိ လာကြောင်း သိရှိရသည်။

ဩဂုတ်လ (၁၉)ရက် နေ့က နေတိုး တပ်ဖွဲ့၏ ထောက်ပံ့ရေး ယာဉ်တန်းကို ဦးတည် ပစ်မှတ်ထားခဲ့သည့် အသေခံ ကားဗုံးဖောက်ခွဲမှု တခုကြောင့် လူ(၇)ဦး ထက်မနည်း သေဆုံးကာ (၅၀)ကျော် ဒါဏ်ရာများ ရရှိခဲ့သည်။

ထိုလုပ်ရပ်သည် ရွေးကောက်ပွဲ ကျင်းပရေး စီမံကိန်းအား အပြင်းအထန် ကန့်ကွက် ရှုတ်ချနေသည့် တာလီဘန်တို့၏ လုပ်ရပ်ဖြစ်ကြောင်း အာဖဂန် တာဝန် ရှိသူများက ပြစ်တင်ခဲ့ကြသည်။ ပြည်ထဲရေး ၀န်ကြီးဌာနက ထိုနေ့တွင် မြို့တော် အတွင်းရှိ ဂျေဒီရပ်ကွက်ရှိ ဘဏ်တစ်ခုကို စီးနင်းရန် ကြိုးပမ်းခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသော်လည်း အသေအပျောက် မရှိခဲ့ကြောင်း ကြေညာသည်။

ထို့အပြင် ရွေးကောက်ပွဲ ကျင်းပချိန် အတွင်း အသေခံ ဗုံးခွဲသမား (၂၀)ခန့်အား ဖောက်ခွဲရေး ကိရိယာများ တပ်ဆင်ကာ လူထူထပ်သည့် မဲရုံများသို့ တာလီဘန် တို့က စေလွှတ်ထားသည် ဆိုသည့် ကောလဟာလ များလည်း ပျံ့နှံ့နေသည်။

နေတိုးတပ်ဖွဲ့ နှင့် အာဖဂန်အခြေစိုက် စစ်အရာရှိများက ကဘူးမြို့တော်အား တာလီဘန်တို့က ဒုံးကျည် များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဩဂုတ်လ (၂၀)ရက်နေ့ ရွေးကောက်ပွဲ အတွက် လုံခြံုရေး အစီအမံများကို စိုးရိမ်နေကြကြောင်း ၀န်ခံ သွားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here