အာဖဂန်နစ္စတန် တွင် ရွေးကောက်ပွဲများ စတင်

 alt

ဩဂုတ်လ (၂၀)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကြိုတင် စီစဉ်ထားသည့် အတိုင်း အာဖဂန်နစ္စတန် ရွေးကောက်ပွဲ များကို စတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

တာလီဘန် တို့၏ ခြိမ်းခြောက်မှု များကြောင့် လုံခြံုရေးကို တင်းကြပ်စွာ ချထားပြီး နိုင်ငံ၏ မဲဆန္ဒနယ်ကြီး (၃၄)ခုတွင် တပြိုင်တည်း မဲပေးမှုများ စတင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကျင်းပရေး တာဝန် ရှိသူများက ဆိုသည်။

သမတ ရွေးကောက်ပွဲ ပါ၀င်ယှဉ်ပြိုင်သူ (၃၂)ဦး အနက် လက်ရှိသမတ ဟာမစ် ကာဇိုင်းမှာ အလားအလာ အကောင်းဆုံး အဖြစ် သတင်းကြီးနေပြီး အနည်းဆုံး မဲ အရေအတွက် (၄၄) ရာခိုင်နှုန်းမျှ ရရှိနိုင်ကြောင်း လေ့လာသူ များက သုံးသပ် ခဲ့ကြသည်။

ဒုတိယနေရာမှ ရေပန်းစားနေသူမှာ ကာဇိုင်း၏ အစိုးရ အဖွဲ့တွင် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည် ဒေါက်တာ အက်ဘဒူလာ အက်ဘဒူလာ ဖြစ်ပြီး မဲအရေအတွက် (၂၆) ရာခိုင်နှုန်းနှင့် အထက် ရရှိနိုင်သည်ဟု နာမည် ထွက်နေသည်။ ရွေးကောက်ပွဲတွင် အာဖဂန်ပြည်သူ (၁၇)သန်း ကျော်က မဲပေးမည်ဟု အစိုးရက မျှော်လင့် ထားသော်လည်း တာလီဘန်တို့၏ ခြိမ်းခြောက်မှု မြင့်တက် လာခြင်းကြောင့် (၂၀၀၄)ခုနှစ် ရွေးကောက်ပွဲထက် မဲပေးသူ အရေအတွက် နည်းပါးမည်ဟု ရွေးကောက်ပွဲ ကျင်းပရေး တာဝန်ခံများက သုံးသပ်ထားကြသည်။

အာဖဂန်၏ ခရိုင်ပေါင်း (၃၆၄)ခုသည် တာလီဘန်တို့၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက် ရှိနေဆဲဖြစ်ပြီး ရွေးကောက်ပွဲတွင် ထိုနယ်များမှ ၀င်ရောက် မဲပေးနိုင်ခြင်း မရှိဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here