ရုရှား ရေအား လျှပ်စစ်စက်ရုံ ပေါက်ကွဲမှု သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်

alt

ရုရှား၏ အကြီးမားဆုံး ရေအားလျှပ်စစ် စက်ရုံကြီးတွင် ပေါက်ကွဲမှု တခု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမား (၆၄)ဦး၏ ကံကြမ္မာ အတွက် မျှော်လင့်ချက် နည်းနေပြီဟု အာဏာပိုင် များက ပြောကြားခဲ့ကြသည်။

ဆိုက်ဘေးရီးယား တောင်ပိုင်းရှိ ဆာယာနို ရှူရှန်စကာရာ ရေအားလျှပ်စစ် စက်ရုံကြီးမှ တာဘိုင် တခုသည် ဩဂုတ်လ (၁၇)ရက် နေ့က ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး နောက်ထပ် လုပ်သား (၁၀)ဦးမှာ ရေနစ် သေဆုံးပြီး ဖြစ်ကြောင်း အတည်ပြု ခံထားရသည်။

ကယ်ဆယ်ရေး ၀န်ထမ်းများနှင့် ရေငုပ်သမား များသည် တာဘိုင်မှ ရေအားနှင့် အတူ ရေခဲနေသော ယန်နီးစ်မြစ် ထဲသို့ မျောပါ သွားဖွယ်ရှိသည့် အလုပ်သမား (၆၄)ဦးအား အသက်ရှင်လျှက် ပြန်တွေ့နိုင်မည်ကို သံသယ ရှိနေပြီ ဖြစ်သည်။

ပေါက်ကွဲ ပျက်စီးမှု ဖြစ်ပွားခဲ့သော ရေအားလျှပ်စစ် စက်ရုံကြီးသည် ဆိုက်ဘေးရီးယား ဒေသကြီး တခုလုံး၏ စွမ်းအင် လိုအပ်ချက် (၁၀) ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးထားသည့် ရင်းမြစ်ကြီးလည်း ဖြစ်သည်။ ကယ်ဆယ်ရေး များသည် တာဘိုင် အနီးရှိ ရေမြုပ်နေသည့် အပျက်အစီး များကို ခိုတွယ်ထားသော အလုပ်သမား (၂)ဦးကိုမူ အသက်ရှင်လျက် ကယ်တင် နိုင်ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ကျန်သူများ၏ ရှင်သန်မှု မျှော်လင့်ချက်မှာ နာရီနှင့်အမျှ မှုန်ဝါး ပျောက်ကွယ်လာပြီ ဖြစ်သည်။ ရေကာတာ၏ တာဘိုင ်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းမှုများ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here