ကမာ္ဘ့ စံချိန်ချိုးကာ ကလေး တဒါဇင်၏ မိခင်ဖြစ်လာမဲ့ တူနီးရှား အမျိုးသမီး

alt

တူနီးရှားမှ အမျိုးသမီး တဦးသည် ကလေး တဒါဇင်၏ မိခင် ဖြစ်လာ တော့မည်ဟု မီဒီယာများမှ တဆင့် သိရှိရသည်။

ဩဂုတ်လ (၁၈)ရက် နေ့က ဒေသ ဆိုင်ရာ မီဒီယာ များက ကျောင်းဆရာမ တဦးဖြစ်သည့် အဆိုပါ အမျိုးသမီးသည် သူမ၏ (၁၂)မြွှာပူး ကိုယ်ဝန်ကို လွယ်ထားပြီ ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ သို့သော်လည်း အမျိုးသမီး ၏ အမည်ကို ဖော်ပြ မထားပေ။

ဆရာဝန်များက ကမာ္ဘ့စံချိန်တင် အမြွှာ အရေအတွက် မွေးဖွားမည့် အမျိုးသမီး သည် သူမ၏ ကလေးများကို ယောက်ျားလေး (၆)ယောက် နှင့် မိန်းကလေး (၆) ယောက်စီ အညီအမျှ ဖြစ်စေလိုသည့် ဆန္ဒ ရှိနေကြောင်း ပြောကြားခဲ့သည်။

ဗြိတိန် သန္ဓေသား ဆိုင်ရာ လေ့လာရေးအဖွဲ့မှ ဒေါက်တာ မတ်ဟယ်မီတန် က တူနီးရှားနိုင်ငံ၊ ဂက်ဆာမြို့မှ အမျိုးသမီး တဦးတွင် (၁၂)မြွှာပူး ကိုယ်ဝန် ရှိနေသည် ဆိုသော သတင်းများအား အတည်ပြု ခဲ့သော်လည်း အမျိုးသမီး မွေးဖွားချိန်တွင် ကလေးအားလုံး အသက်ရှင်ရေး အတွက် စိုးရိမ်မိကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။

အမျိုးသမီး၏ ခင်ပွန်းသည် အမည်ကိုလည်း မာဝမ် ဟုသာ ဖော်ပြထားပြီး ၎င်း၏ ဇနီးသည်ကို သဘာဝ အတိုင်းသာ မွေးဖွား စေလိုကြောင်း မာဝမ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော်လည်း ဆရာဝန်များ ကမူ ထိုကိစ္စသည် မည်သို့မျှ မဖြစ်နိုင်ဘဲ ခွဲစိတ်ပြီး မီးဖွားရန် တနည်းသာ ရှိကြောင်း မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here