တိုင်ဖွန်း မိုရာကော့ ရိုက်ခတ်မှုကြောင့် ထိုင်ဝမ် အစိုးရ ဝန်ကြီးများ နှုတ်ထွက်ကြ

alt

တိုင်ဝမ်ကျွန်းတွင် တိုက်ခတ်သွားသည့် မိုရာကော့ မုန်တိုင်းကြီး၏ ဂယက်မှာ မပြီးဆုံး နိုင်သေးဘဲ နိုင်ငံရေး နယ်ပယ် သို့ပါ ရိုက်ခတ် လာခဲ့ပြီ ဖြစ်သည်။

ဩဂုတ်လ (၁၉)ရက်နေ့က တိုင်ဝမ် ရုပ်မြင်သံကြား ဌာနက အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် နှင့် ကာကွယ်ရေး ၀န်ကြီး တို့သည် မိုရာကော့ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက် လာမှုအတွက် မိမိတို့တွင် တာဝန် ရှိသည်ဟု ကြေညာကာ ရာထူးမှ နှုတ်ထွက်စာ တင်သွားကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော (၁၂)ရက်က တိုင်ဝမ် ကျွန်းကို ဖြတ်သန်းသွားသည့် တိုင်ဖွန်း မုန်တိုင်းကြီးသည် လူပေါင်း (၄၀၀) ကျော်ကို သေကြေစေခဲ့ပြီး အပျက်အစီး တန်ဖိုး ဒေါ်လာ(၂)ဘီလျံမျှ ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မုန်တိုင်းအပြီး ရွှံ့နွံများအောက် နစ်မြုပ်နေသည့် မုန်တိုင်းဒဏ်ခံ ပြည်သူများအား ကယ်ဆယ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်မှု များတွင်လည်း နှောင့်နှေးမှုများ ရှိနေသည်ဟူသော ဝေဖန်မှု များကြောင့် ယခုလို အစိုးရ အဖွဲ့ဝင်များ နှုတ်ထွက် ခဲ့ကြခြင်းဖြစ်သည်။

ရုပ်မြင်သံကြား ဌာနက ကာကွယ်ရေး ၀န်ကြီး ချန်ချိုမင်း ရော၊ အတွင်းရေးမှူးချုပ် ဆူအာဆင်ချန်း ပါ နှုတ်ထွက်စာ တပြိုင်တည်း တင်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာသွားသည်။ သို့သော်လည်း တိုင်ဝမ် ၀န်ကြီးချုပ် လီချောင်ရှန်း က ၎င်းတို့၏ နှုတ်ထွက်စာ ျားအား အတည်ပြု လက်ခံခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here