အိုင်စီစီ တွင် န.အ.ဖ အား စွဲချက် တင်နိုင်ရေး

ဆောင်းပါး သရုပ်ဖေါ် © ကိုသိန်းလှိုင်

မြန်မာနိုင်ငံ မှ စစ်ခေါင်းဆောင် တို့သည် အာဏာရှင် စနစ်တွင် သာယာ ယစ်မူးကာ အာဏာကို အလွဲသုံးစား လုပ်နေ ခဲ့ကြသည်။ သူတို့ ကိုယ်တိုင် က စံနမူနာပြ လိုက်နာကျင့်သုံး အပ်သည့် ပြည်တွင်း ဥပဒေများ ကို၎င်း၊ နိုင်ငံတကာ ဥပဒေ နှင့် သဘော တူညီချက်များ ကို၎င်း

အကြီးအကျယ် ချိုးဖောက်လျှက် ပြစ်မှုကြီးပေါင်း များစွာကို ကျူးလွန် နေခဲ့ကြသည်။ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခြင်း မရှိရုံမက မကျူးလွန်ခဲ့ သယောင်ယောင် ဟန်ဆောင် ဖုံးဖိ နေခဲ့ကြသည်။ ကာယကံမြောက် ကျူးလွန် ခဲ့သူတို့အား အရေးယူရန်လည်း ပျက်ကွက် နေခဲ့ကြသည်။ အဆိုးဆုံးမှာ နောက်နောင်တွင် ထိုသို့ ကျူးလွန်မည် မဟုတ်တော့ကြောင်း၊ ထိုသို့ ကျူးလွန်ရန် မည်သူ့ကို မျှလည်း ခွင့်ပြု နိုင်မည်မဟုတ်ကြောင်း အာမခံချက်များ ရှိမနေခြင်းပင် ဖြစ်သည်။

နိုင်ငံတခုကို ဖွဲ့စည်း အုပ်ချုပ်ရာတွင် စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ဟူ၍ အဓိက မဏ္ဍိုင်ကြီး သုံးခုရှိသည်။ အာဏာ အလွဲသုံးစားသူတို့က သူတို့စိတ်ကြိုက် ဥပဒေပြုလျှက် စီမံခန့်ခွဲ အုပ်ချုပ်နေရုံမက တရားစီရင်ရေး စနစ်ကိုပါ ဝင်ရောက် စွက်ဖက်လျှက် စိတ်တိုင်းကျ ချယ်လှယ် လွှမ်းမိုးနေပြန်သည်။ ဤသည်မှာ နိုင်ငံတခု၏ ပြည်တွင်းရေး ပြဿနာ ဖြစ်၍ နိုင်ငံသား တို့ကသာ ပူးပေါင်း ဖြေရှင်းရသည့် ကိစ္စဖြစ်သည်။ အခြားနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း များက ကြားဝင် ဖြေရှင်းပေးနိုင်သည့် ကိစ္စ မဟုတ်ပေ။

သို့သော် ထိုသို့အာဏာအလွဲစားမှုကြောင့် နိုင်ငံတကာ ဥပဒေများ၊ သဘောတူညီချက်များကို ဖောက်ဖျက်လာလျှင်မူ – ဥပမာ- ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်၊ ဂျီနီဗာ သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း အစရှိသည့် ပြစ်မှုများတွင် သက်ဆိုင်ရာ နိုင်ငံနှင့်အဖွဲ့အစည်းများက ဝင်ရောက်ကိုင်တွယ် စီရင်မည်ဖြစ်သည်။

အပြစ်တခု ကျူးလွန်မိသူအား နောင်တချိန် ထပ်မံ မကျူးလွန်စေရန် ထိန်းချုပ် တားဆီးရေးနှင့် ထိုသူအား ပြုပြင် ထိန်းကျောင်းကာ လမ်းကြောင်းမှန်သို့ ပြန်လည် ပို့ဆောင်ပေးရေးသည် တရား စီရင်ရေးစနစ်၏ အဦးဆုံးသော ရည်ရွယ်ချက် ဖြစ်သည်။ အဆိုပါ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည့် တိုင်အောင် ဆက်ကာ ဆက်ကာ ထပ်မံ ကျူးလွန် နေသောအခါ ထိန်းချုပ် တားဆီးရန် မတတ်နိုင်တော့ပဲ အရေးယူ အပြစ်ပေးရန်သာ ရှိတော့သည်။

တရား စီရင်ရေးများတွင် ပြည်တွင်း၌ သမာသမတ် ကျစွာ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိသေးသည့် ရာဇဝတ်မှုများ အပေါ် နိုင်ငံတကာမှ လစ်လျူရှု မထားပါ။ ဤ လိုအပ်ချက်ကို ဖြည့်စွက်ပေးသည်မှာ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) ဖြစ်သည်။

Article 5 of the Rome Statute ၏ ခွင့်ပြုချက်အရ ICC မှ တရားစွဲဆို ဆုံးဖြတ်စီရင်နိုင်သော ရာဇဝတ်မှုများ (နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အစိုးရိမ်ရဆုံး ရာဇဝတ်မှုများ)

Article 5 of the Rome Statute ၏ ခွင့်ပြုချက်အရ ICC မှ တရားစွဲဆို ဆုံးဖြတ်စီရင်နိုင်သော ရာဇဝတ်မှုများ (နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အစိုးရိမ်ရဆုံး ရာဇဝတ်မှုများ)

၂ဝဝ၂ ခုနှစ် ဇူလိုင် (၁)ရက် နေ့မှစ၍ အတည်ဖြစ်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှု များဆိုင်ရာ တရားရုံး ပဋိဉာဉ် စာချုပ် (Rome Statute of the International Criminal Court) အရ အဆိုပါ တရားရုံးကို စတင်ခဲ့သည်။ ထိုနေ့မှ စ၍ (သို့)

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွင် နအဖ စစ်ခေါင်းဆောင်များ အား ICC ၌ တရား စွဲဆိုခြင်း အပေါ် သုံးသပ်ချက်

ထိုနေ့ နောက်ပိုင်း ကျူးလွန်ခဲ့သည် များကို တရားရုံးသို့ စွဲချက် တင်နိုင်သည်။ တရားဝင် တည်ရှိသော တရားရုံးမှာ ဟော်လန်နိုင်ငံ သည်ဟေ့ဂ် မြိ့ုတွင် ရှိသော်လည်း အမှုများကို ကမာ္ဘ၏ မည်သည့် နေရာတွင်မဆို ကြားနာ စစ်ဆေးနိုင်ဖွယ် ရှိသည်။

၂ဝဝ၉ ခုနှစ် မတ်လ အထိ ICC တွင် အဖွဲ့ဝင်ပေါင်း (၁ဝ၈)နိုင်ငံ ရှိနေပြီး ဖြစ်သည်။ နောက်ထပ် အဖွဲ့ဝင် နိုင်ငံ (၄ဝ)မှာ ICC အဖွဲ့ဝင်ဖြစ်ရန် လက်မှတ် ရေးထိုးပြီး ဖြစ်သော်လည်း ပဋိဉာဉ် စာချုပ်တွင်သာ လက်မှတ် မထိုးရသေးပဲ ရှိနေသေးသည်။ ICC အပေါ် ဝေဖန် ထားကြသည့် နိုင်ငံအချို့တွင် တရုတ် ရုရှား၊ အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်နေပြီး အဖွဲ့ဝင် ဖြစ်ရန်လည်း မကြိုးပမ်းကြသေးပဲ ရှိနေသည်။

ယေဘူယျအားဖြင့် ICC မှ လက်ခံနိုင်သော ရာဇဝတ်မှု အခင်းအကျင်း

  • စွပ်စွဲ ခံရသူသည် အဖွဲ့ဝင် နိုင်ငံတခု၏ နိုင်ငံသား ဖြစ်နေလျှင်၊
  • အဖွဲ့ဝင် နိုင်ငံတခု၏ ပိုင်နက် နယ်မြေအတွင်း ကျူးလွန်သည်ဟု စွပ်စွဲ ခံရသည့် အမှုဖြစ်လျှင်၊
  • ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှ ICC သို့ လွှဲပြောင်းပေးသည့် အခြေအနေ ဖြစ်လျှင် ICC မှ ဆုံးဖြတ် စီရင်နိုင်သည်။

အခြား လုပ်ပိုင်ခွင့်များ

  • အဖွဲ့ဝင် နိုင်ငံ၏ တည်ဆဲ တရားရေးစနစ်၌ လစ်ဟာ နေသည်များကို ICC မှ ထပ်မံ ဖြည့်စွက် ပေါင်းထည် ့ပေးနိုင်သည်။
  • အထက် ဖေါ်ပြပါ ရာဇဝတ်မှု အမျိုးအစား (၄)မျိုးကို အဖွဲ့ဝင် နိုင်ငံ၏ တရားရုံးများမှ စုံစမ်း စစ်ဆေးရန်၊ ကြားနာ ဆုံးဖြတ် စီရင်ရန် ဆန္ဒမရှိလျှင် (သို့) ထိုသို့ မလုပ်နိုင်လျှင် ICC မှ ဝင်ရောက် ဆောင်ရွက်မည် ဖြစ်သည်။ သို့သော် စုံစမ်း စစ်ဆေးခြင်း၊ အပြစ်ပေးခြင်း တို့ကို သက်ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံများမှသာ အဓိက တာဝန်ယူရမည် ဖြစ်သည်။

ဆူဒန် သမတ Omar al-Bashir အား 4 March 2009 နေ့တွင် war crimes and crimes against humanity ကျူးလွန်သည်ဟု ICC မှ စီရင် ဆုံးဖြတ်ပြီး ဖမ်း ဝရမ်းထုတ်ခဲ့သည်။ သို့သော် သူသည် အဖမ်းမခံပဲ ထွက်ပြေးလွတ်မြောက် နေသဖြင့် ICC မှ အလိုရှိနေသော ဝရမ်းပြေး အဖြစ် သတ်မှတ် ခံရသည်။ ICC မှ အပြစ်ရှိသည်ဟု စီရင် ဆုံးဖြတ်ခံရသူ စုစုပေါင်း (၁၄)ဦး ရှိပြီ ဖြစ်သည်။ (၇)ဦးမှာ အပြစ်ပေးခံရခြင်း မရှိသေးပဲ လွတ်မြောက် နေဆဲဖြစ်သည်။ ကွယ်လွန် သွားခဲ့သူ(၂)ဦး ရှိပြီး ထိန်းသိမ်း ခံနေရဆဲ (၅)ဦး ရှိသည်။ ICC မှ ပထမဦးဆုံး ဆုံးဖြတ်ခဲ့သည့် အမှုမှာ ကွန်ဂို စစ်ခေါင်းဆောင် သောမတ်စ် လူဘန်ဂါ (Thomas Lubanga) ၏ အမှုဖြစ်ပြီး ၂ဝဝ၉ ဇန်နဝါရီလ (၂၆)ရက် က ဖြစ်သည်။

ICC မှ ယနေ့ထိ အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ပြီးသည့် အခြေအနေ (၄) ခု

လွင်အောင်စိုး

ကိုးကား – http://en.wikipedia.org/wiki/International_Criminal_Court

မှတ်ချက်။   ။ ဂျပန်နိုင်ငံ တိုကျိုမြိ့ုတွင် ၁၅-၈-၂ဝဝ၉ နေ့က ကျင်းပ ပြုလုပ်သော အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)တွင် စွဲချက်တင်ရန် တောင်းဆိုမှုအား ထောက်ခံ ဆွေးနွေးပွဲ၌ ဖြန့်ဝေခဲ့သည့်စာကို ထပ်မံဖြည့်စွက် အချောသတ် ထားခြင်း ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here