ဗြိတိန် ဆယ်ကျော်သက်များ အချိန် သုံးစွဲသမျှ

alt

ဗြိတိန် နိုင်ငံရှိ ဆယ်ကျော်သက် လူငယ်များသည် တနေ့လျှင် (၁၀) နာရီမျှ Screen တခုခုနှင့် မျက်နှာချင်း ဆိုင်နေကြောင်း လေ့လာသူ များက ပြောကြားလိုက်ပြီ ဖြစ်သည်။

လူငယ်များသည် အိပ်ချိန် မဟုတ်သော နာရီ အတော်များများကို ကွန်ပျူတာ၊ ဗီဒီယိုဂိမ်း၊ ရုပ်မြင်သံကြား၊ မိုဘိုင်းလ်ဖုန်း စသည်တို့တွင် ပါ၀င်သော Screen တခုခုကို ကြည့်ရှုရင်း အချိန်ကုန် နေသည်ဟု ဆိုသည်။

၎င်းတို့သည် အချိန် အများစုကို စာရိုက်ခြင်း၊ ဂိမ်းဆော့ခြင်း၊ အင်တာနက်ကို မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခြင်း၊ iPod မှ သီချင်းများ ရွေးနေခြင်းနှင့် စာသင်သည့် အခါ Notebook ကို အသုံးပြု နေခြင်းဖြင့် ကုန်ဆုံး နေစေကြောင်း စွမ်းအင် အသုံးချမှု လေ့လာရေးဌာနမှ ပရိုဂရမ် ဒါရိုက်တာ ကလဲမက်ဒေါဂီး က ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက Screen အမျိုးအစား အများအပြား အသုံးချ နေသော်လည်း ရုပ်မြင်သံကြား Screen များကို ဆယ်ကျော်သက် များနှင့် ကလေးများက အများဆုံး အသုံးချ နေကြောင်းနှင့် ၎င်းတို့သည် တပါတ်လျှင် အနည်းဆုံး (၁၉) နာရီမျှ ရုပ်မြင်သံကြား ကြည့်ရှုရန် အချိန် ပေးတတ်ကြကြောင်း ရှင်းပြခဲ့သည်။

မက်ဒေါဂီး က နည်းပညာ တိုးတက် လာသည်နှင့်အမျှ ကလေးများသည် ကျဉ်းမြောင်းသော ဒီဂျစ်တယ် ဘောင်အတွင်း တွင်သာ အချိန်ကုန် ပျော်မွေ့လျှက် ရှိနေကြောင်း ဝေဖန် သုံးသပ်သွားခဲ့ ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here