ပျောက်ဆုံး သင်္ဘောမှ သင်္ဘောသား များအား ရုရှား အာဏာပိုင်များ ထိန်းသိမ်းထား

alt

ကာလ အတန်ကြာမျှ ပဟေဠိဆန်ဆန် ပျောက်ဆုံး သွားသည့် ရုရှား ကုန်တင် သင်္ဘောကြီးမှ သင်္ဘောသား (၈)ဦးကို ထိန်းသိမ်း ထားလိုက်ကြောင်း ရုရှား အာဏာပိုင် များက ဆိုသည်။

၎င်းတို့သည် အာတိတ် ပင်လယ် သင်္ဘောကြီးအား ပြန်ပေးဆွဲသွား သူများဟု ယူဆရသဖြင့် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရုရှား ရေတပ်က ကြေညာခဲ့သည်။ အင်္ဂလိပ် ရေလက်ကြားတွင် ပျောက်ကွယ် သွားသည့် သဘောင်္ကြီးအား ရုရှားရေတပ်က ဩဂုတ်လ (၁၇)ရက် နေ့ကျမှ ကိပ်ဗာဒီ ကမ်းလွန် မိုင်(၃၀၀)ခန့်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆက်အသွယ် ပြတ်တောက်သွားရသည့် သင်္ဘောကြီးနှင့် ပတ်သက်သော အချက် အလက်များကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသော်လည်း သင်္ဘောသား အချို့သည် သင်္ဘောကြီးအား အပိုင်စီးရန် ရည်ရွယ်ခဲ့ဟန် ရှိကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး အနာတိုလီ ဆာဒီကော့က ခန့်မှန်းခဲ့သည်။ သို့သော်လည်း ထို သုံးသပ်ချက်သည် ခိုင်မာမှု ရေရေရာရာ မရှိလှဘဲ ဆွီဒင်နိုင်ငံမှ ရေကြောင်းဆိုင်ရာ တာဝန် ရှိသူများက လွန်ခဲ့သော ဆယ်စုနှစ် များစွာကြာအောင် ဘောလ်တစ် ပင်လယ်တွင် ပင်လယ် ဓားပြမှုဟူ၍ လုံးဝ မရှိခဲ့ကြောင်း တုန့်ပြန် ပြောကြားလိုက်သည်။

ထို့အပြင် အာတိတ် ပင်လယ် သင်္ဘောတွင် သယ်ဆောင်လာသည်မှာ သစ်များသာ ဖြစ်ကြောင်း ရုရှားတို့က ကြေညာ ထားသည့်တိုင် ရုရှားနိုင်ငံ၏ အရေးပါသော လက်နက် နည်းပညာများ သယ်ဆောင်လာခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ပေါ်ပေါက် လာခဲ့သည်။

ဖင်လန်မှ တာဝန် ရှိသူများက ၎င်းတို့၏ ဆိပ်ကမ်းမှ မီးသတ်ရဲဘော်များ ပြောကြားချက်အရ ဖင်လန် အနောက်ပိုင်းရှိ ပီတာဆာရီ မှ ထိုသင်္ဘောကြီး ထွက်ခွာ သွားပြီးနောက် သမားရိုးကျ မဟုတ်သော ဖြာထွက်မှု စွမ်းအင်များ၏ ဒါဏ်ကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သဖြင့် အာတိတ်ပင်လယ် သင်္ဘောကြီးနှင့် ပတ်သက်သော အမှန်တရားကို ခန့်မှန်းရန် ခက်ခဲနေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here